Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 22, Monday - February 2016
ဗန်းမော်ဆရာတော်ကြီးအား ကမ္ဘာ့လူသားများ ယဉ်ကျေးမှုဂုဏ်ရည်ဘွဲ့ ချီးမြှင့်ခံရခြင်းအတွက် ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်

မန္တလေး၊ ဖေဖော်ဝါရီ ၂၁

            နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သကျသီဟ ဝဋံသကာ၊ ပါဠိသိရောမဏိ၊ ဘီအေ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဗုဒ္ဓစာပေပါရဂူ(Ph.D, D.Lit) ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအား အမေရိကန် နိုင်ငံ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်ရေးကောင်စီ၏ အကဲဖြတ်အဖွဲ့က ညီညွတ်စွာ သဘောတူရွေးချယ်၍ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် ဆက်ကပ်ခဲ့သည့် “ကမ္ဘာ့လူသားများ ယဉ်ကျေးမှု ဂုဏ်ရည်ဘွဲ့” အတွက် ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။

          အခမ်းအနားသို့ ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်မိသားစုများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြည်ညိုကြသည်။

            ရှေးဦးစွာ ဗန်းမော်ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည် ကြကာ ဆရာတော် သံဃာတော်များ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။

            ထို့နောက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆရာတော်ကြီး၏ထေရုပ္ပတ္တိကထာကို ဖတ်ကြားပူဇော်သည်။ ဆက်လက်၍ နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် မန္တလေးသိန်းဇော်က ဆိုင်းဝိုင်းကြီးနှင့် တွဲဖတ်၍ ရတုပိုဒ်စုံဖြင့် သီဆိုပူဇော်ခြင်း၊ ဆရာတော် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ အလှူရှင်မိသားစုများနှင့် အသင်းအဖွဲ့များက ဝေယျာဝစ္စနှင့် သာသနာရေး ဆိုင်ရာကိစ္စများအတွက် မော်တော်ယာဉ်များ၊ အလှူငွေများအား လှူဒါန်းခြင်းတို့ကို အစီအစဉ်များ အတိုင်း ကျင်းပခဲ့သည်။

          ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘုရားကြီးကျောင်းတိုက် ဆင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဩဘာသာဘိဝံသ ဟောကြားချီးမြှင့်တော်မူသော အနုမောဒနာတရားတော်များကို နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။