Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 23, Tuesday - February 2016
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့(၁/၂၀၁၆)အစည်းအဝေးကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

          နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့(၁/၂၀၁၆)အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက်၊ ဆင်မင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသြဘာသာဘိဝံသ အမှူးပြုသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် သဘာပတိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ ဆင်မင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသြဘာသာဘိဝံသ က အဖွင့် သမ္မောဒနီယ သြဝါဒကထာ မြွတ်ကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော  တက္ကသိုလ်များအုပ်ချုပ်ရေးဗဟို အဖွဲ့၏ (၂/၂၀၁၅)အစည်းအဝေးမှတ်တမ်းကို တင်ပြအတည်ပြုချက်ရယူကာ တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့၏(၂/၂၀၁၅) ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး သာသနာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်အောင်က တင်ပြသည်။

          ထို့နောက်ပညာရေးဗဟိုအဖွဲ့(၁/၂၀၁၆)အစည်းအဝေး၏ တင်ပြချက်များအပေါ် ဝေဖန်ဆွေးနွေး ဆုံးဖြတ်ခြင်းနှင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့(ရန်ကုန်/မန္တလေး)တို့မှ တင်ပြချက်များအပေါ် ဆွေးနွေး ဆုံးဖြတ်ခြင်းများကို ပြုလုပ်ခဲ့ကြပြီး အထွေထွေကိစ္စရပ်များ ဆွေးနွေးကြသည်။

          ယင်းနောက် သဘာပတိဆရာတော်က နိဂုံးချုပ်သြဝါဒကထာ မြွတ်ကြားပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို  ရုပ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)