Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 23, Tuesday - February 2016
သာသနာရေးဝန်ကြီးဌာန ပထမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

          ၂၃-၂-၂၀၁၆ ရက်နေ့(၁၃၇၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ )၊ ၁၀ ၀၀ မှ ၁၁ ၃၀ အချိန်ထိ သာသနာရေး ဝန်ကြီးဌာန၏ပထမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို သာသနာရေးဝန်ကြီးဌာန(နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါပြိုင်ပွဲသို့ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်အောင်၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေ၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

          ပြိုင်ပွဲ၌ သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ  ၂ သင်း၊ သာသနာရေးဦးစီးဌာနမှ  ၂ သင်းနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မှ  ၂ သင်း၊ စုစုပေါင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ပြီး အသင်း ၁ သင်းလျှင် အဖွဲ့ဝင် ၇ ဦးစီ ပါဝင်ယှဉ်ပြိုင်ကြသည်။

          ပြိုင်ပွဲ၌ ဆုရရှိသောအသင်းများကို ပထမဆု ငွေကျပ် ၃ သိန်း၊ ဒုတိယဆု ငွေကျပ် ၂ သိန်း၊ တတိယဆု ငွေကျပ် ၁ သိန်းနှင့် နှစ်သိမ့် ၃ ဆုအား ငွေကျပ် ၅၀၀၀၀/- နှုန်းစီ ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ပထဆု ရရှိသော သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ခ) အသင်းအား ပြည်ထောင်စုဝန်ကြီး က လည်းကောင်း၊ ဒုတိယ ဆုရရှိသော ဝန်ကြီးရုံး(က) အသင်အား အမြဲတမ်းအတွင်းဝန် က လည်းကောင်း၊ တတိယဆု ရရှိသော သာသနာရေးဦးစီးဌာန(ခ)အသင်းအား သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော သာသနာရေးဦးစီးဌာန(က) အသင်း၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန(က)အသင်းနှင့် (ခ)အသင်းတို့အား ဒုတိယအမြဲတမ်းအတွင်းဝန် က လည်းကောင်း ဆုများ အသီးသီးချီးမြှင့် ခဲ့ကြောင်း သိရှိရပါသည်။

 

(သတင်းစဉ်)