Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 24, Thursday - March 2016
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် မိန့်ကြားခြင်းမပြုသော အကြောင်းအရာများအား မြန်မာသံတော်ဆင့်ဂျာနယ်မှ မှားယွင်းသတင်းဖော်ပြခြင်းနှင့် ပတ်သက်၍ မီဒီယာကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ အကြောင်းကြားထားရှိ

နေပြည်တော် မတ် ၂၂

          မြန်မာသံတော်ဆင့် ဂျာနယ် မတ် ၁၉-၂၅ ရက်ထုတ် အတွဲ(၅)အမှတ်စဉ်(၂)စာမျက်နှာ(၄၄)နှင့် အချပ်ပို(က)တို့တွင် “ကိုယ့်ဘာသာ၊ ယဉ်ကျေးမှုအနှစ်သာရ စာသင်ကျောင်းတွေမှာ ဖျက်ခဲ့တဲ့အတွက် ပြန်ထည့်ဖို့ရာအတွက် အတော့်ကိုခက်ခဲနေတယ်” ခေါင်းစဉ်ဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုသလ မိန့်ကြားခြင်းမပြုသော အကြောင်းအရာများအား ဆရာတော်၏ ခွင့်ပြုချက်မရှိဘဲ လုပ်ကြံရေးသားဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ မှားယွင်းဖော်ပြကြောင်း ပြန်လည်ရေးသား ဖြေရှင်းပေးရန် ဆရာတော်က မြန်မာသံတော်ဆင့်ဂျာနယ် အမှုဆောင်အရာရှိချုပ်ထံ ကန့်ကွက်စာပေးပို့ ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါကိစ္စနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနက ပြန်ကြားရေးဝန်ကြီးဌာနသို့ ဆက်လက် အကြောင်းကြားခဲ့ရာ ထိုကဲ့သို့ မှားယွင်းသတင်းဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာသံတော်ဆင့် ဂျာနယ် အနေဖြင့် သတင်းမီဒီယာဥပဒေပါမီဒီယာကျင့်ဝတ်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ပါရန် ပြန်ကြားရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံသို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။