နေပြည်တော်၊ ဧပြီ ၃
၁-၄-၂၀၁၆ ရက်နေ့၊ ၁၀ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အား ဗွီအိုအေ၊ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်း က တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။
ဗွီအိုအေမှ ဒေါ်ခင်စိုးဝင်း ၏ မေးမြန်းချက်များအပေါ် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြန်လည်ဖြေကြားချက်များအနက် ဖြေကြားချက်တစ်ခုတွင် ဖြေကြားခဲ့သော -
“ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအဝင် အခြား ဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုးတော့မရှိခဲ့ပါဘူး၊ …...…… ……………….…………”
(အစား)
“နိုင်ငံသားအချို့နှင့် ဧည့်နိုင်ငံသားများကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအဝင် အခြားဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုးတော့မရှိခဲ့ပါဘူး၊ ………… ………………….……” ဟု ထပ်မံဖြည့်စွက်ဖြေကြားပါသည်။