Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 05, Tuesday - April 2016
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော်ကြီးအမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဩဝါဒခံယူ

နေပြည်တော် ဧပြီ ၄

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ဧပြီ ၄ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော်သံဃ မဟာနာယကကျောင်းဆောင်၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးအမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူသည်။

           နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သြဝါဒကထာမိန့်ကြားရာတွင် "ဒကာတော်အပါအဝင် အုပ်ချုပ်မင်းလုပ်ကြသည့် ဒကာကြီးများ၊ ဒကာမကြီးများ စိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့် သာသနာ ပြုနိုင်ကြပါစေ။ မင်းကောင်းမင်းမြတ်များဖြစ်ကြ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပါစေ။ နိုင်ငံသူနိုင်ငံသား များလည်း စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာ့အကျိုး၊ နိုင်ငံ့အကျိုးများကို  ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်းပေးအပ်ပါကြောင်း" မိန့်ကြားပါသည်။

          ယင်းနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသ အား ဖူးမြော်ကြည်ညိုပြီး ဩဝါဒခံယူခဲ့ပါသည်။ အလားတူ နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သင်္ဃန်းကျွန်းမြို့နယ်၊ မူလဆယ်တောင်ပြည့်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣဒ္ဓိဗလ ထံမှလည်း ဩဝါဒခံယူခဲ့ပါသည်။

          အဆိုပါ ဩဝါဒခံယူပွဲများသို့ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခိုင်အောင်၊ သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်း၊ သာသနာ့ရေးရာနှင့် ဝိနိစ္ဆယဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်၊ ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)