Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 26, Tuesday - April 2016
ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ကြီး အန္တိမအဂ္ဂိဈာပနပူဇော်ပွဲကျင်းပ

ရန်ကုန်၊ ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရပ်ကွက်၊ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး၏အန္တိအဂ္ဂိဈာပနပူဇော်ပွဲအခမ်းအနားကို ၂၂-၄-၂၀၁၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပဲခူးမြို့၊ ဆယ်မိုင်ကုန်း၊ သဲဖြူချောင်းကျေးရွာ ပဏ္ဍိတာရာမတ ောရစခန်း အမျိုးသားယောဂီဓမ္မာရုံကြီး၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကဆရာတော်များ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ တပည့်သံဃာ၊ သီလရှင်၊ ယောဂီများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသထံမှ ဧည့်ပရိသတ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီး၏ထေရုပ္ပတ္တိကထာကို ပဏ္ဍိတာရာမရွှေတောင်ကုန်းသာသနာ့ရိပ်သာနာယက ဩစတြေးလျ ဆရာတော် အရှင်ပညာသာမိက ဖတ်ကြားပူဇော်သည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဝမ်းနည်းကြောင်းသဝဏ်လွှာကို ဖတ်ကြားလျှောက်ထားသည်။ ယင်းနောက် ဆရာတော်ကြီးအား အဘိယာစန နိမန္တနဂါထာကို ပဏ္ဍိတာရာမရွှေတောင်ကုန်းသာသနာ့ရိပ်သာနာယက မော်လမြိုင် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီ က ဖတ်ကြားလျှောက်ထားပြီး အနိစ္စာဝတ သင်္ခါရာအစရှိသော သံဝေဂ ဂါထာကို ရွတ်ဆိုပူဇော် သံဝေဂပွားများ၍ ဆရာတော်ကြီးအား အစီအစဉ်တိုင်း ပင့်ဆောင်ပြီး အန္တိမ အဂ္ဂိဈာပနပူဇော်ပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။