Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 26, Tuesday - April 2016
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၏(၄၅)ကြိမ်မြောက်သိက္ခာတော်ကံထပ် အလှူတော်မင်္ဂလာကျင်းပ

ရန်ကုန်၊ ဧပြီ ၂၄

          ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/ တောင်ရပ်ကွက်၊ မူလဆယ်တောင်ပြည့် ကျောင်းတိုက် ပဓာနနာယကဆရာတော် ပြည်တွင်း/ ပြည်ပသာသနာပြု၊ ရှင် ၅၀၀၀ သာသနာပြု(နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု၊ ဇေယျာလူမှုထူးချွန်ဆုရ) ရန်ကုန်တိုင်းဒေသကြီးသံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣဒ္ဓိဗလ၏ (၄၅)ကြိမ်မြောက် သိက္ခာတော် ကံထပ်အလှူတော်မင်္ဂလာနှင့် ၅၀ ပြည့် ရွှေရတုဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ၂၄-၄-၂၀၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ယင်းကျောင်းတိုက်၌ ကျင်းပခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ ပင့်သံဃာများ စုစုပေါင်း ၁၀၈ ပါးတို့ ကြွရောက် ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တပည့်ဒါယကာ ဒါယိကာမများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။