Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 27, Wednesday - April 2016
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမိုးသက်လေပြင်းကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီနှင့် သာသနိကအဆောက်အဦများအား ကြည့်ရှုစစ်ဆေး၍ အလှူငွေပေးအပ်လှူဒါန်း

နေပြည်တော်၊ ဧပြီ ၂၆

            ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီးမြို့နယ်နှင့် ရွာငံမြို့နယ်တို့ရှိ မိုးသက်လေပြင်း ကျရောက်မှုကြေင့် ပျက်စီးဆုံးရှုံးခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီနှင့် သာသနိကအဆောက်အဦများအား ကြည့်ရှုစစ်ဆေးသည်။

          အဆိုပါ မိုးသက်လေပြင်းကျရောက်မှုကြောင့် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကက္ကူကျေးရွာအုပ်စု၊ ကက္ကူကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူ စေတီတော်၏ ပင်မစေတီ တစ်ဆူဖြစ်သော ဆုတောင်းပြည့်အာသောက စေတီတော်ကြီးသည် ကြာမှောက်ကြာလန် အထက်ပိုင်းမှ ပြတ်ကျပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်များမြေခခဲ့ခြင်း၊ ပင်မစေတီတစ်ဆူဖြစ်သော အလောင်းစည်သူမင်းတည်ထားသည့် ဖောင်တော်ဆိုက်စေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ထီးတော်ဘုံအဆင့်ဆင့်မှာ ပန်းလည်တိုင်ကျွတ်၍ ငှက်ပျောဖူးအထက်ရှိ လုံခြုံရေးသံပန်းများတွင် တင်ကျန်လျက်ရှိခြင်း၊ အရန်စေတီတော်ပေါင်း ၂၄၇၈ ဆူအနက် ၁၇၀၀ ဆူခန့်မှာ ခေါင်းလောင်းတော်အထက် ဖောင်းရစ်တော်မှ ပြတ်လျက် ထီးတော်များမြေခခဲ့ခြင်း၊ ဟင်္သာစံကျောင်းတော်၊ စောင်းတန်း လေးသွယ်၊ ရဟန္တာသိမ်တော်များ ပြိုကျပြီး အမိုးများလန်၍ လွင့်စင်ခဲ့ခြင်း၊ သံလွန်းကျေးရွာ ဘုရား ဓမ္မာရုံသွပ် မိုးလန်ခြင်း၊ ထီးတော်စောင်းသွားခြင်း၊ အုတ်တံတိုင်း ၃ ခန်းပြိုကျခြင်း၊ ရွာငံမြို့နယ်၊ ကြံမဂူကျောင်းတွင် ၂ ထပ် ကျောင်းဆောင်များ အမိုးလန်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကက္ကူကျေးရွာ အုပ်စု၊ ကက္ကူကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားသို့ရောက်ရှိပြီး ပျက်စီးမှုများဖြစ် ပွားခဲ့သည့် စေတီတော်များအား ကြည့်ရှုစစ်ဆေးကာ ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေကျပ် သိန်း ၁၀၀ တိတိအား မွေတော်ကက္ကူ စေတီတော်ဂေါပကအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့သည်။