Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 02, Monday - May 2016
နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ၊ မဟာနာယက ဓမ္မသေနာပတိ၊ အဘိဓဇမဟာရဠဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက စုဒ္ဒသမ ရွှေကျင်သာသနာပိုင် သက်တော်ရှည် ဝါဆိုဆရာတော်ဘုရားကြီး၏ သက်တော် ၁၀၀ ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၂

          ယနေ့နံနက် ၈ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ်၊ မန်းရွှေလီဗိမာန်တော်ကြီး၌ ရွှေကျင်သာသနာပိုင် သက်တော်ရှည် ဝါဆိုဆရာတော် ဘုရားကြီး၏ သက်တော် ၁၀၀ ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်သည်။

          အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ဘုရားကြီးထံမှ သီလခံယူဆောက်တည်ကြကာ နိုင်ငံတော်သံဃမဟာနာယက အဝေရာ ရာမရန်ကင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသြဒါတသိရီဘိဝံသ က သက်တော်ရှည်ပူဇော်ပွဲနှင့် စပ်လျဉ်း၍ လျှောက်ထားပါသည်။

          ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာရေးရာလျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားပြီး သာသနာပိုင်ဆရာတော်ဘုရားကြီး နှင့် သံဃာ့ထေရ်ကြီးများအား လှူဘွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းကြသည်။

          ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင် စစ်ကိုင်းသီတဂူဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်ဉာဏိဿရ က အနုမောဒနာတရား ချီးမြှင့်ပြီး ရေစက်ချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

          အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိလူပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။