Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 11, Wednesday - May 2016
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကရင်ပြည်နယ်သံဃနာယကအဖွဲ့ဆရာတော်များထံမှ ဩဝါဒခံယူပြီး သာသနာရေးဆိုင်ရာများ ဆောင်ရွက်

နေပြည်တော်၊ မေ ၁၁

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မေလ ၁၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ဓမ္မဝါသီကျောင်းတိုက်၌ ကျင်းပသော ကရင်ပြည်နယ် အတွင်းရှိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ပြည်နယ် သံဃနာယကအဖွဲ့နှင့် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲသို့ တက်ရောက်သည်။

          ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တအာဒိစ္စထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝိစာရထံမှ ဩဝါဒခံယူ ကြသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

          ထို့နောက် ဘားအံမြို့ကျောက်ကလပ်ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလ၊ နိုင်ငံတော်ဩဝါဒါစရိယ ဇမ္ဗူမြိုင်ကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒိယတို့ထံ သွားရောက်၍ ဩဝါဒခံယူကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပါသည်။

        ဆက်လက်၍ ဘားအံမြို့တောင်တန်းသာသနာပြုဗဟိုကျောင်းသို့ သွားရောက်ကာ ဗဟို ခေါင်းဆောင်ဆရာတော် ဘဒ္ဒန္တဓမ္မပါလအား ဖူးမြော်ကြည်ညိုပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ကြည့်ရှုခဲ့ပါသည်။

          အဆိုပါဩဝါဒခံယူပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်အောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဗဟိုကော်မတီဥက္ကဋ္ဌ  ဒေါက်တာခင်ရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

          ထို့ပြင် မေလ ၉ ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့နှင့်အတူ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာရှိ အင်္ဂလီကန် ခရစ်ယာန် ဘုရားကျောင်းသို့ သွားရောက်၍ ကရင်ပြည်နယ်ခရစ်ယာန်သာသနာပိုင်များနှင့် တွေ့ဆုံခဲ့ပါသည်။

            ယင်းနောက် မြိုင်ကြီးငူအထူးဒေသရှိ ပိဋကသုံးပုံဘာသာပြန်စာပေကျောက်စာကွင်းရှိ ကျောက်စာ ဓမ္မာရုံသို့ သွားရောက်ပြီး မြိုင်ကြီးငူကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တဉာဏိက အား ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ တောင်ကလေးပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ဆရာတော်ဘဒ္ဒန္တပညာသာမိထံမှ ဩဝါဒခံယူ၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သတင်းရရှိပါသည်။