Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 21, Tuesday - June 2016
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ဩစတြီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Enno Drofenik အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် ၂၁

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ဩစတြီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Enno Drofenik အား ယနေ့နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။