Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 21, Tuesday - June 2016
ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့အသစ် ဖွဲ့စည်းမည့်အစီအစဉ်

        မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် မြန်မာသာမက ကမ္ဘာထိအောင်ပင် ကြည်ညိုဖွယ်၊ အံ့ဩဖွယ်ဖြင့် သပ္ပါယ်တင့်တယ်ကျော်ကြားလျက် ရှိပါသည်။ ယင်းစေတီသို့ မြန်မာပြည်ရှိ ရဟန်းရှင်လူပြည်သူများသာမက ကမ္ဘာအရပ်ရပ်မှ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ ဖူးမြော်လေ့လာရာနေရာဖြစ်သည်နှင့်အမျှ သာမန်ရက်များတွင် လူမပြတ်သကဲ့သို့ အခါကြီးရက်ကြီးနှင့် ရုံးပိတ်ရက်များတွင် ကြက်ပျံမကျ ကြိတ်ကြိတ်တိုး စည်ကားပါသည်။

            ယခင်က ကျိုက်ထီးရိုးစေတီတော် ဂေါပကရွေးချယ်မှုနှင့် စေတီတော်ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှအစ ကိစ္စအဝဝအား မွန်ပြည်နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်၊ မွန်ပြည်နယ်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ထိ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက် ခဲ့ပါသည်။

          ခေတ်အဆက်ဆက်ပြောင်းလဲလာသော်လည်း အုပ်ချုပ်သူအဖွဲ့အစည်းနှင့် ဂေါပကအဖွဲ့တို့သည် ကျိုက်ထီးရိုးစေတီတော်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို နိုင်နင်းစွာ မဆောင်ရွက်နိုင်သည့်အပြင် ရွှေသင်္ကန်း ဆက်ကပ်ခြင်း၊ ဆည်းလည်း လှူဒါန်းခြင်း၊ ဆိုင်ခန်းငှားရမ်းခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ အပါအဝင် ရဟန်းရှင်လူများနှင့် နိုင်ငံခြားခရီးသွားများ စိတ်မချမ်းမသာ ဖြစ်ကြရပြီး အဆင်မပြေဖြစ်မှု၊ အခက်အခဲများရှိမှု၊ ပြဿနာဖြစ်ပွားရမှုများကို သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြခဲ့ကြပါသည်။ ၎င်းအပြင် သတင်းဂျာနယ်၊ အင်တာနက်ဝက်ဆိုဒ်၊ လူမှုကွန်ယက်အသီးသီးတို့က ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့၏ဆောင်ရွက်ချက် အားနည်းမှု များအပေါ် မကြာခဏဆိုသလို ဝေဖန်ပြစ်တင်လျက်ရှိပြီး ဝေဖန်မှုအများဆုံးခံရသော ဂေါပက အဖွဲ့လည်းဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကလည်း ဂေါပကများ အစားထိုး လဲလှယ်ရန် ဤဝန်ကြီးဌာနသို့ ဩဝါဒပေးလာပါသည်။ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် မိမိဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား အဆိုပါစေတီတော်သို့ သွားရောက်လေ့လာစေပြီး ဘုရားဖူးပြည်သူများအား မေးမြန်းစုံစမ်းကာ တွေ့ရှိပြောကြားချက်များကို အသေးစိတ်မှတ်တမ်းတင်ရှိခဲ့ပါသည်။ ယင်း မှတ်တမ်းတင်ရှိမှုများအနက်မှ အရေးပါသော အချက်များကို စုစည်း၍ ဤဝန်ကြီးဌာန၏ ၉-၆-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ၅၀၀/ ၄-၁၅/ သာသနာရေးဖြင့် စေတီတော်ကြီး၏ဂုဏ်ကျက်သရေ တင့်တယ် မြင့်မာရေးနှင့် ဘုရားဖူးပြည်သူများ အဆင်ပြေစေရေးတို့အတွက် “ပြောင်းလဲချိန်တန်ပြီ”ဆိုသော ပြည်ထောင်စုအစိုးရအဖွဲ့၏မူဝါဒနှင့်အညီ မွန်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် လိုအပ်သော ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက် အထက်ပါ အခြေအနေများ အမှန်တကယ်ဖြစ်ပျက်နေသည်ဆိုပါက ဂေါပကအဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ် ပေးပါရန် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ အကြံပြုထားပါသည်။

          ယင်းကိစ္စကို မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရက် ၁၀၀ အတွင်း ဆောင်ရွက်ပေးမည်ဟု မျှော်လင့်ပါသည်။ အကယ်၍ ရက် ၁၀၀ အတွင်း အကောင်အထည်ဖော်ရန် အခက်အခဲရှိမည်ဆိုပါက ရွှေတိဂုံစေတီတော်ကဲ့သို့ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနမှ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။