Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 29, Wednesday - June 2016
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၂၉

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရေး ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ စုံညီခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နာယကအဖွဲ့၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပေးပြီးလုပ်ငန်းများကို စနစ်တကျတာဝန်ခွဲဝေ ဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ ၉ ခုကို ဖွဲ့စည်းပြီး နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ တိပိဋကဆရာတော်ကြီးများသည် ရန်ကုန်မြို့မှ နေပြည်တော်သို့​ လေကြောင်းခရီးဖြင့် ကြွရောက်မည် ဖြစ်သောကြောင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးလေယာဉ်ရရှိရေး၊ ဆရာတော်ကြီး များလိုက်ပါစီးနင်းသည့်အခါ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ရန်၊ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် သံဃာရာမကျောင်းဆောင် ၄ ဆောင်မှာ ဆရာတော်ကြီးများ သီတင်းသုံးနေထိုင်ရာမှာ ကိုယ်စိတ်နှလုံးချမ်းသာစွာဖြင့် သီတင်းသုံး​နေထိုင်ရေးစီစဉ်ရန်၊ ဆရာတော်ကြီးများ အာရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ရာတွင် ကျန်းမာရေးနှင့်ညီညွှတ်ပြီး သန့်ရှင်းလတ်ဆက်သော ဟင်းလျာများ ဆက်ကပ် နိုင်ရေးအတွက် ဆွမ်းဆက်ကပ်ရေးဆပ်ကော်မတီနှင့် ကျန်းမာရေးဆပ်ကော်မတီတို့ ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်ရန် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန် လုံခြုံရေးဆပ်ကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်နှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများမှ စနစ်တကျစီစဉ် ဆောင်ရွက်ပေးရန်၊ ယနေ့ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ အခြေအနေများကို တင်ပြဆွေးနွေးရန် ဒုတိယသမ္မတဦးမြင့်ဆွေမှ အဖွင့်အမှာစကား ပြောကြားပါသည်။

          ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကကျင်းပမည့်အစီအစဉ်၊ ဆပ်ကော်မတီများ ဖွဲ့စည်းခြင်းနှင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          အလားတူ ဆပ်ကော်မတီများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲအခြေအနများကို ရှင်းလင်းဆွေးနွေးကြသည်။

          ဆပ်ကော်မတီများ၏တင်ပြဆွေးနွေးမှုများအပေါ် ဒုတိယသမ္မတက အခမ်းအနား မကျင်းပမီ လုံခြုံရေး၊ အခမ်းအနားကျင်းပသည့်နေ့ရက် လုံခြုံရေး၊ အခမ်းအနားကျင်းပပြီးနောက်လုံခြုံရေးတို့ကို အပြည့်အဝရရှိရေး အထူးအလေးထားဆောင်ရွက်ရန်နှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ဆပ်ကော်မတီ အသီးသီးက ပေါင်းစပ်ညှိနှိုင်း၍ အလေးထားဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း  ဖြည့်စွက်ဆွေးနွေး မှာကြားပါသည်။

          ၎င်းနောက် ဒုတိယသမ္မတသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုင်ငံတော်သံဃ နာယက ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ သီတင်းသုံးမည့်သံဃာရာမအဆောင် ၄ ဆောင်နှင့် အခမ်းအနားကျင်းပမည့် သာသနာ့မဟာဗိမာန်တော်ကြီး လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။