Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 29, Wednesday - June 2016
ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

          နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒပေးမှု၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏လမ်းညွှန်မှုတို့အရ ၂၇-၆-၂၀၁၆ ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး ဂေါပကအဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့် စေတီတော်ကြီး၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါအစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။

          အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျိုက်ထီးရိုးစေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝပတ်ဝန်းကျင်မပျက်စီးရေးနှင့် ဘုရားဖူးများ စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်ရေး အဓိကထားဆွေးနွေးခဲ့ပါသည်။

          လွန်ခဲ့သော ရက်သတ္တပတ် ၁ ပတ်ခန့်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ကျိုက်ထီးရိုးတောင်ပေါ်တွင် တည်ဆောက်ထားသော “ရိုးရိုးလေး” ဟိုတယ်၌ သတ်မှတ်အခန်း ၁၃၅ ခန်းအပြင် တရားမဝင် အခန်း ၁၀၆ ခန်း တိုးချဲ့ဆောက်လုပ် ခဲ့မှုအား စစ်ဆေးခဲ့ရာ ပိုနေသော အခန်း ၁၀၆ ခန်းကို ဖျက်သိမ်းရန် ညွှန်ကြားခဲ့ပြီး ယခု အစည်းအဝေး၌ သဘောထားရယူခဲ့ရာ တက်ရောက်လာသူအားလုံးက ကန့်ကွက်ရန်မရှိ၊ တစ်ညီတစ်ညွတ်တည်း ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပါသည်။

          ၎င်းအပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီး များ ဘုရားဖူး လာရောက်ရာတွင် အခမဲ့တည်းခိုနိုင်ရေး အဆောင်သီးသန့်ထားရှိရန်၊ ဘုရားပေါ်တွင် အလှူခံများ ကျိမ်စာတိုက်အလှူခံခြင်းနှင့် ဒုစရိုက်မှုများမရှိစေရေး ဂေါပကအဖွဲ့မှအဓိကထား ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။

          မွန်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ကျိုက်ထီးရိုးစေတီတော်နှင့်တောင်တော် သန့်ရှင်း သာယာရေးနှင့် အမှိုက်စွန့်ပစ်ရန်ကိစ္စ၊ ရေလုံလောက်စွာရရှိရေးနှင့် တည်းခိုရေးကိစ္စများ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ဈေးနှုန်းများ သင့်တင့်မျှတရေး တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။