Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 29, Wednesday - June 2016
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက် အကောင်အထည်ဖော်မှု

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အရ ရွှေတိဂုံစေတီတော်၊ မဟာမြတ်မုနိဘုရားနှင့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တို့၏ ဂေါပကအဖွဲ့များ ပြောင်းလဲ ဖွဲ့စည်းနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မေလ ပထမပတ်တွင် မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ၁၅ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၂၁-၆-၂၀၁၆ ရက်နေ့၊ ရွှေတိဂုံစေတီတော်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဦးဆောင်၍ ရွှေတိဂုံ စေတီတော် ယာယီဂေါပကအဖွဲ့အား ဖွဲ့စည်းပေးခဲ့ပြီး ခေတ်စနစ်နှင့် မကိုက်ညီတော့သော ရွှေတိဂုံ ဂေါပကစည်းမျဉ်းအား ပြင်ဆင်နိုင်ရေး ပြည်ထောင်စုရှေ့နေချုပ်ထံသို့ အကြံပြုချက်တောင်းခံထားပြီး ရရှိပါက ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့အား အငြိမ်းစား အင်ဂျင်နီယာများ၊ ဆရာဝန်များ၊ သံအမတ်ကြီးများ၊ တတ်သိနားလည်သော ပညာရှင် ၁၅ ဦးတို့ဖြင့် ဂေါပကသက်တမ်းကို ၄ နှစ် သတ်မှတ်၍ ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။

          ပြည်ထောင်စုအစိုးရမှ တိုက်ရိုက်စီမံခန့်ခွဲသော ဘုရားမှာ ရွှေတိဂုံစေတီတော် ၁ ဆူသာ ရှိ၍ ကျန်တန်ခိုးကြီးဘုရားများမှာ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လိုအပ်သော အကြံဉာဏ်များ၊ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်မည် ဖြစ်ပါသည်။