Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 03, Sunday - July 2016
သာသနိကအဆောက်အဦများ ပြင်ဆင်ခြင်း၊ ဘာသာရေးအခမ်းအနားများ ပြုလုပ်ခြင်းနှင့် တရားဟောခွင့်များ

၁။      တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာအသီးသီးတို့၏ ဘာသာရေးဆိုင်ရာအဆောက်အဦများ ပြုပြင်ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ မူလပုံစံမပျက်ဆောက်လုပ်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းတို့နှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြရန်မလိုဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း၊  နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြုလုပ်မည်ဆိုပါက နေပြည်တော် ကောင်စီ၏ခွင့်ပြုချက်ဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ရန် ၂၄-၁၁-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန် အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။

၂။      ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့၏ ဘာသာရေး၊ သာသနာရေးဆိုင်ရာ ပွဲတော်များကျင်းပခြင်း၊ ဘာသာရေးဆိုင်ရာ အစည်းအဝေးပွဲများကျင်းပခြင်း၊ ဘုန်းကြီးတရားပွဲများကျင်းပခြင်းတို့နှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြရန်မလိုဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြုလုပ်မည်ဆိုပါက နေပြည်တော်ကောင်စီ၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်ရန် ၂၆-၆-၂၀၁၃ ရက်နေ့တွင် ထုတ်ပြန် အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ ပြည်သူ့ လွှတ်တော်၌လည်း တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၂ ပါအတိုင်း  ဆောင်ရွက်ရန် ညွှန်ကြားထား၍ ဖြေလျှော့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

၃။      ၈-၆-၂၀၁၆ ရက်နေ့တွင်လည်း ဖော်ပြပါစာများကို ရည်ညွှန်းလျက် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာအသီးသီးတို့၏ ဘာသာရေးဆိုင်ရာ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ မူလပုံစံမပျက် ဆောက်လုပ်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း၊ ဘာသာရေး၊ သာသနာရေးဆိုင်ရာ ပွဲတော်များကျင်းပခြင်း၊ ဘာသာရေးဆိုင်ရာ အစည်းအဝေးပွဲများ ကျင်းပခြင်း၊ ဘုန်းကြီးတရားပွဲများကျင်းပခြင်း တို့နှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြုလုပ်မည် ဆိုပါက နေပြည်တော်ကောင်စီ၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ရန် ထပ်မံ၍ အသိပေး အကြောင်းကြားခဲ့ခြင်း ဖြစ်ပါသည်။

၄။      သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် တရားပွဲဓမ္မသဘင်များ ကျင်းပပြုလုပ်မည်ဆိုပါက တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တင်မကဘဲ နေပြည်တော်ကောင်စီအဆင့်ထိ တင်ပြရမည်ဆိုခြင်းမှာ မှန်ကန်မှုမရှိဘဲ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်ထားသော တရားဟောဓမ္မကထိက ဂုဏ်အင်္ဂါအရည်အချင်းသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီပါက သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက် နိုင်ပါသည်။