Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 06, Wednesday - July 2016
ဗုဒ္ဓသာသနာတော်နှင့် ယဉ်ကျေးမှုအမွေ

ဘာသာတရားများဆည်းကပ်ကိုးကွယ်မှုမပြုမီ ကျောက်ခေတ်သမိုင်းဦးကာလများက ကျန်ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်း၊ ဂူနံရံဆေးရေးပန်းချီစသည်များဖြင့် ထိုတွေ့ရှိချက်များပြသလျက် အစောဆုံးယဉ်ကျေးမှုအမွေကို ထိန်းသိမ်းဂုဏ်ယူကြရ၏။ ပျူခေတ်ဘုရားစေတီများ၊ သုဝဏ္ဍဘူမိခေတ် ဘုရားစေတီများ၊ ပုဂံခေတ်ဘုရားစေတီများသည် မြန်မာဘိုးဘွားတို့၏ ယဉ်ကျေးမှုအမွေအနှစ်စစ်စစ်များ ဖြစ်ကြလျက် ထိုအမွေအနှစ်များကို လာရောက်လေ့လာကြည့်ရှုကြရန် နိုင်ငံခြားဧည့်သည်များအား ဝင့်ကြွားစွာ ဖိတ်ခေါ်ပြသနေရပေသည်။ စင်စစ် ရှေးရှေးမိဘဘိုးဘွားတို့၏ ကျေးဇူးတရားကို လေးနက်စွာ တန်ဖိုးထားအပ်သော၊ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ထားအပ်သော မျိုးဆက်အမွေများ ဖြစ်ကြပါသည်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီဆိုလျှင် မြန်မာနိုင်ငံ၏ အမှတ်အသားပြယုဂ်တစ်ခု ဖြစ်နေပါသည်။ အလားတူ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၊ ကျိုက်ထိုမြို့ ကျိုက်ထီးရိုးဆံတော်ရှင်စေတီ စသည်ဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ ဆည်းကပ်ကိုးကွယ်ရာ ဘုရားစေတီများဖြစ်ကြပြီး ကိုးကွယ် ဆည်းကပ်သူတို့၏ စေတနာသဒ္ဓါအားဖြင့် ရွှေရောင်တပြောင်ပြောင်ဖြင့် တင့်တယ်ခဲ့ကြခြင်းများသာ ဖြစ်ပါသည်။ပိရမစ်၊ ရဲတိုက်စသည်ဖြင့် အခြားနိုင်ငံအချို့တွင် ဖြစ်ပေါ်ခဲ့သော သမိုင်းဝင်အဆောက်အအုံများကဲ့သို့ ကျွေးကျွန်တို့၏ ချွေး၊ သွေးဖြင့် တည်ဆောက်ကြွင်းကျန်ခဲ့သည့် အမွေအနှစ်မျိုးမဟုတ်ပါ။ ဆည်းကပ် ကိုးကွယ်သူတို့၏ စေတနာမွန်ရည်ညွှန်းရာ မူးစုပဲစုမှ စေတနာပေါက်သရွေ့ဖြင့် နှစ်ပေါင်းကြာမြင့်လာသော အခါ ဤမျှကြီးကျယ်သော တန်ခိုးကြီးဘုရားစေတီပုထိုးများ တည်ထားနိုင်ခဲ့ကြခြင်းသာ ဖြစ်ပါသည်။

သမိုင်းအဆက်ဆက် မျိုးဆက်ပေါင်းများစွာတို့၏ ပုဂ္ဂလိကနေအိမ်တိုက်တာများဖြစ်ထွန်းခဲ့ကြ ပါသော်လည်း မျိုးနွယ်အဆက်ဆက် ပြိုပျက်ကွဲပြားမှုများကြောင့် ထင်ရှားပြသစရာ အမွေ၊ ယဉ်ကျေးမှုဟူ၍ အတ္ထုပ္ပတ္တိသမိုင်းစာမျက်နှာများသာ ပြသနိုင်ကြပါသည်။ အမွေဆက်ခံပြုပြင်ထိန်းသိမ်းစရာဟူ၍ မကျန်ရစ်ပါ။ ဘာကြောင့်ပါလဲ။ အများပြည်သူဆည်းကပ်ကိုးကွယ်ရာ၊ စေတနာဖြင့်တည်ဆောက်ထားရာ မဟုတ်သဖြင့် လူနေအိမ်တိုက်တာအဆောက်အအုံများကို မူလယဉ်ကျေးမှုအမွေအဖြစ် ထိန်းသိမ်းခြင်းမပြုကြဘဲ ခေတ်နှင့်အညီသာ ပြန်လည်ပြုပြင်တည်ဆောက်ကြသဖြင့် ပျောက်ကွယ်ကြရပါသည်။ ဘာသာသာသနာမှု ယုံကြည်ရာအဖြစ် အမွေဆက်ခံထိန်းသိမ်းကြသည့် အစဉ်အလာအပေါ်ဆက်ခံထိန်းသိမ်းစိတ်မျိုး ဆက်လက် ရှင်သန်နေမှုကို ချေဖျက်ရန်မဝံ့၊ ပြောဆိုလာမှုများမှာ ရှေးရှေးမိဘဘိုးဘွားတို့၏ ယဉ်ကျေးမှုအမွေအနှစ် ကျေးဇူးတရားကို မသုံးသပ်မိရာ ရောက်ပါသည်။

ဗုဒ္ဓဘာသာဝင်တို့သည် စေတနာကို ယုံကြည်ကြ၏။စေတနာ၏ တန်ဖိုးအလျောက် အကျိုးအမြတ် ဖြစ်ပေါ်မှု၊ ကံ ကံ၏ အကျိုးကို လုံးဝယုံကြည်၏။ စေတနာရည်စူးရာ အကြောင်းကြောင့် မိမိရဲ့ရည်မှန်းရာ အသီးသီးပါရှိပြီးဖြစ်ကြ၏။ ကိုးကွယ်ယုံကြည်မှုဆိုင်ရာစေတနာသည် အခရာဖြစ်သဖြင့် ဘာသာရေး အလှူအတန်းကိစ္စများကို စေတနာရည်ညွှန်းရာဖြင့်သာ ဆက်စပ်ဆုံးဖြတ်ကြရ၏။ သေတမ်းစာကဲ့သို့ ရုပ်ဝတ္ထုရည်ညွှန်းရာအပေါ် အထောက်အထားတစ်ခုအဖြစ်သာ ရှုမြင်၏။

သာသနိကပစ္စည်းများကိစ္စတွင် ရဟန်းတော်များအား ဘုရားရှင်ပညတ်ထားခဲ့သော ဝိနည်းကျင့်ဝတ်များ အတိုင်းဆုံးဖြတ်မှသာ လောကဓမ္မနှင့် လျော်ညီပါသည်။ ဒါနမှုအလှူအတန်းကိစ္စများတွင် ဘာသာရေး ဓမ္မဝိနယဖြင့် ဆုံးဖြတ်ခြင်းကို ဘာသာတရားအဆုံးအမနှင့် ကင်းလွတ်သုံးသပ်ပြောဆိုခြင်းမှာ မသင့်ပါ။

 

ဒါနမှုအမျိုးမျိုးတွင် ရတနာသုံးပါးအား လှူဒါန်းမှုပြုကြ၏။ဘုရားစေတီအားလှူဒါန်းခြင်း၊ သံဃာအား လှူဒါန်းခြင်းတို့မှာ မျက်မှောက်ခေတ် ထင်သာမြင်သာပါသည်။ ဘုရားအားလှူဒါန်းခြင်းကို သံဃာအား ပြောင်းလဲလှူဒါန်းရန်မပြုကောင်း၊ ဘုရားစေတီတစ်ဆူအား လှူဒါန်းထားမှုကို အခြားစေတီအား ပြောင်းလဲ မလှူဒါန်းကောင်း၊ သံဃိကလှူဒါန်းမှုကို ပုဂ္ဂလိကပြောင်းလဲလှူဒါန်းစေမှု မပြုကောင်းစသည်ဖြင့် ဝိနည်းသိက္ခာပုဒ်တွင် ပရိဏတသိက္ခာပုဒ်ဖြင့် အတိအကျ လမ်းညွှန်ထားချက်ရှိပါသည်။ ဘုရားစေတီ၊ သာသနိကပစ္စည်း၊ သံဃိကပစ္စည်းများနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာဝင်တို့၏ ဓမ္မဝိနယနှင့်အညီ စည်းကမ်း လမ်းညွှန်မှုအတိုင်း လိုက်နာကျင့်သုံးကြပါသည်။

မြန်မာဗုဒ္ဓဘာသာတို့၏ စေတနာရည်သန်ရာ မျိုးကွဲစေရန် အလှူခံခေါင်းစဉ်များ ခွဲခြားပေးတတ် ကြ၏။ အလှူခံပုံးများ၌ နည်းများမဟူ ကုသိုလ်ရှင်တို့၏ စေတနာအတိုင်းလှူဒါန်းစေပြီး အလှူငွေများလာလျှင် ဘဏ်တွင်ခေါင်းစဉ်ခွဲအပ်နှံပြီး ကဏ္ဍအလိုက်သုံးစွဲကြ၏။ ဂေါပကအဖွဲ့များတွင် စည်းမျဉ်းနှင့်အညီ ဘဏ္ဍာငွေ သုံးစွဲမှုအလိုက် ထိန်းသိမ်းစောင့်ရှောက်မှုများ ရှိနေကြ၏။ ဂေါပကအတွင်းမသမာမှုရှိက  အများပြည်သူပိုင် ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် အရေးယူနိုင်ရန်လည်း ပြဌာန်းချက်များရှိကြ၏။

အများပြည်သူဗုဒ္ဓဘာသာဝင်တို့၏ စေတနာပြဌာန်းလျှက် လှူဒါန်းထားသည့် အလှူငွေများကို ဘာသာရေးစည်းမျဉ်းပြဌာန်းချက်များမှ ဘေးထွက်၍ စဉ်းစားအဖြေရှာမှုများတွင် ပြည်သူ့ဆန္ဒကို ဗဟိုမပြုသူ တို့၏ စိတ်ကူးစိတ်သန်းသာဖြစ်ပါသည်။ အိမ်တစ်အိမ်တွင် ရည်မှန်းချက်အသီးသီးအလိုက် စုဗူးများရှိရာ အရေးပေါ်အချိန်တွင် လိုအပ်သလို စုဗူးခွဲ၍ သုံးစွဲခြင်းလောက် စိတ်စေစားမှုမျိုးဖြင့် ဘာသာသာသနာ ကိစ္စများကို ဝေဖန်ပြောဆိုခြင်းများ မပြုသင့်ကြပါ။ဗုဒ္ဓဘာသာဝင်မဟုတ်သူ၊ သို့မဟုတ် ဘာသာယုံကြည်မှု မတတ်သူတို့၏ လုပ်ရပ်မျိုးမဖြစ်စေရန် သတိပြုသင့်လှပါသည်။