Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 07, Thursday - July 2016
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး) ၂၀၁၆ ခုနှစ်၊ (၂၀)ကြိမ်မြောက်၊ ပညာသင်စရိတ်ထောက်ပံ့ကြေး၊ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရ ထူးချွန်ဆုနှင့် သင်တန်းထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၇

            သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး) ၂၀၁၆ ခုနှစ်၊ (၂၀)ကြိမ်မြောက်၊ ပညာသင် စရိတ်ထောက်ပံ့ကြေး၊ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရထူးချွန်ဆုနှင့် သင်တန်းထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ စုပေါင်းခန်းမ(မြေညီထပ်)၌ ကျင်းပပြုလုပ်သည်။

            အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က တက်ရောက်အမှာစကားပြောကြားပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင် ထောက်ပံ့ကြေးငွေများကို ဌာနအလိုက် ပေးအပ်ချီးမြှင့်ခြင်းနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ၆ ဘာသာဂုဏ်ထူးရှင် ၃ ဦးတို့အား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

          ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွှန်း က ၅ ဘာသာဂုဏ်ထူးရှင် ၃ ဦးအား လည်းကောင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး က ၃ ဘာသာဂုဏ်ထူးရှင် ၂ ဦးအား လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်း၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘဟိန်းနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာသန့်ဇင်နိုင် တို့က သင်တန်းထူးချွန်ဆုရ ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

            အဆိုပါအခမ်းအနားတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ ကျောင်းသူ/ကျောင်းသား ၉၃၂ ဦးတို့အတွက် ထောက်ပံ့ကြေးငွေ ၆၉၄၈၀၀၀/- ကျပ်၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရထူးချွန်ဆုရ ကျောင်းသား ၁၀ ဦးအတွက် ထောက်ပံ့ကြေးငွေကျပ် ၂၁ သိန်း၊ သင်တန်းထူးချွန်ဆုရ ဝန်ထမ်း ၇ ဦးအတွက် ထောက်ပံ့ကြေးငွေကျပ် ၁၃၀၀၀၀/-  စုစုပေါင်း ငွေ ၉၁၇၈၀၀၀/- ကျပ် ချီးမြှင့်ကြောင်း သိရှိရပါသည်။