Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 18, Monday - July 2016
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ YMCA အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးများ ညီလာခံ “Asia & Pacific Alliance of YMCAs, General Secretaries Conference”သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ ဇူလိုင် ၁၃

            မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပသည့် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ YMCA အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးများ ညီလာခံ “Asia & Pacific Alliance of YMCAs, General Secretaries Conference”ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မြန်မာနိုင်ငံကလျာဏယုဝ ခရစ်ယာန်အသင်းများ၏ အမျိုးသားကောင်စီ (မြန်မာ YMCA)၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ပြီး နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။

        ထို့နောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ YMCA အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Mr. Nam Boo Won ၊ မြန်မာ YMCA အထွေအထွေအတွင်းရေးမှူး ဦးမောင်မောင်ဝင်း၊ မြန်မာ YMCA စည်းမျဉ်းသုံးသပ်ရေးကော်မတီမှ ပူးတွဲသဘာပတိ သိက္ခာတော်ရ ဆရာဒေါက်တာ ဦးဝင်းတင် နှင့် YMCA အဖွဲ့ချုပ်ဥက္ကဌ ဦးသာစိန် တို့က ဆုတောင်းအမှာစကားပြောကြားကြသည်။

          အဆိုပါညီလာခံကို တူညီသော အနာဂတ်မျှော်မှန်မှန်းချက်များဖြင့် ရေရှည်စဉ်ဆက်မပြတ် လူမှုအဖွဲ့အစည်းအား တည်ဆောက်ခြင်း၊ နိုင်ငံအချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းသာယာသော လူမှုအဖွဲ့အစည်းဖြစ်ရေး ရည်မှန်းချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အထွေထွေအတွင်းရေးမှူးများ တက်ရောက်ကာ လုပ်ငန်းမဟာ ဗျူဟာရေးဆွဲခြင်း၊ လူငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံဆိုင်ရာလုပ်ငန်းအစီရင်ခံစာများ၊ လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး စသည်တို့ကို ဆွေးနွေးကြမည်ဖြစ်ပါသည်။

          ယင်းညီလာခံကို ၂၀၁၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။