Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 24, Sunday - July 2016
ကျိုက်ထီးရိုးစေတီတော်တွင် ရိုးရိုးလေးဟိုတယ်မှ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပိုမိုဆောက်လုပ်ထားသော ဟိုတယ်အခန်း ၁၀၆ ခန်းကိစ္စ

          ကျိုက်ထီးရိုးစေတီတော်ကြီးတွင် ရိုးရိုးလေးဟိုတယ်မှ ခွင့်ပြုချက်လိုင်စင်မရှိဘဲ သတ်မှတ်ချက်ထက် ပိုမိုဆောက်လုပ်ထားသော ဟိုတယ်အခန်း ၁၀၆ ခန်းအား ပိတ်သိမ်းပါက လူ ၄၀၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်စရာမရှိပါ။

          ဘုရားဖူးဧည့်သည်များ နှစ်စဉ် ၂၂ သိန်းခန့် လာရောက်ဖူးမြော်လျက်ရှိပါသည်။ ၎င်းဘုရားဖူးများ ဈေးသက်သာသောနှုန်းထား(သို့မဟုတ်) အခမဲ့တည်းခိုနိုင်ရေးအတွက်ရည်ရွယ်၍ အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

          အဆိုပါအစည်းအဝေးသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏ ဩဝါဒနှင့် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

          အဆိုပါအစည်းအဝေးမှတ်တမ်းအတိုင်းအကောင်အထည်ဖော်ပြီး ဥပဒေနှင့်အညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။

          ယခင်က ပြည့်စုံဓမ္မာရုံ၊ သုံးထပ်ဓမ္မာရုံ၊ ဆီးမီးကိုးထောင်ဓမ္မာရုံများသည် ဘုရားဖူးများအခမဲ့ နားနေရန်အတွက် ရည်ရွယ်၍ ဆောက်လုပ်ထားခဲ့သော်လည်း ယခုအခါတွင် ဂေါပကအစီအစဉ်ဖြင့် ပုဂ္ဂလိကများသို့ BOT စနစ်ဖြင့် ကန်ထရိုက်ပေးဆောက်ရွက်ခြင်းကြောင့် ဘုရားဖူးပြည်သူများ အခ ကြေးငွေပေး၍ တည်းခိုနေရပါသည်။

          အလားတူ ရွှေနန်းကျင်ဓမ္မာရုံနှင့် ထောက်လှမ်းရေးဓမ္မာရုံတို့ကို ရိုးရိုးလေးတည်းခိုခန်း(၁)၊ တည်းခိုခန်း(၂)အဖြစ် လုပ်ငန်းလိုင်စင်မရှိဘဲ ပြောင်းလဲဆောက်လုပ်ပြီး အခကြေးငွေများယူ၍ ငှားရမ်း လုပ်ကိုင်လျက်ရှိပါသည်။

          အခကြေးငွေမတတ်နိုင်သော ဘုရားဖူးပြည်သူများအနေဖြင့် ရင်ပြင်တော်တွင် ဖျာငှား၍ ဖြစ်သလို နေထိုင်ခဲ့ရပါသည်။ သို့ဖြစ်ပါ၍ ဘုရားဖူးပြည်သူများ အခမဲ့နားနေတည်းခိုနိုင်ရေးအတွက် ပြည်ထောင်စု အဆင့်မှ စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။

          အဆိုပါရိုးရိုးလေးဟိုတယ်မှ ခွင့်ပြုချက်မရှိဘဲ ပိုမိုဆောက်လုပ်ထားသော ဟိုတယ်အခန်း ၁၀၆ ခန်း အား ဥပဒေအတိုင်း ဆက်လက်စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။