Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 02, Tuesday - August 2016
စိတ်သာလျှင် အဓိကဖြစ်၏

၁။      ဘုရားရှေ့ရင်ပြင်တော်၊ မုခ်ဦး၊ တန်ဆောင်းစသည်တို့၏ရှေ့မှာ (သို့မဟုတ်) အနီးမှာ (သို့မဟုတ်) အပေါ်မှာ ဖိနပ်မစီးရဆိုတာ နေရာတိုင်းမှာသတ်မှတ်ပြဌာန်းထားတာမရှိပါဘူး။ ဗုဒ္ဓဘာသာဝင်တွေက ဂရုဂါရဝ စိတ်ရှေ့ထားပြီး ဖိနပ်စီးခြင်းကို ရှောင်ကြဉ်ကြတာဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းရင်၊ နေရာအခြေအနေအရ ဖိနပ်ချွတ်ဖို့ မသင့်တော်ရင်၊ အဂါရဝစိတ်နဲ့ တမင်ပြုလုပ်တာမဟုတ်ရင် ဘုရားရှေ့ ဖိနပ်စီးတာဟာ အပြစ်တစ်ခုမဟုတ်ပါဘူး။ အဂါရဝစိတ်နဲ့ ပြုမူရင်တော့ ဖိနပ်စီးရုံတင်မဟုတ် ပုဆိုး“မ”ပြရင်ကို အပြစ်ရှိပါတယ်။ ဘုရင်သုဒ္ဓေါဒန ခြေဖျားဓားခွဲခံရတာဟာ ဖိနပ်စီးလို့မဟုတ်ဘဲ အဂါရဝစိတ်နဲ့ ပြုမှုကြောင့်ဖြစ်ပါတယ်။

၂။      အကယ်၍ ​ရှေးဟောင်းစေတီအဆောက်အဦး/အမွေအနှစ်ဖြစ်သော ပုဂံတည်နေရာတို့၌ များသော အားဖြင့်သန့်ရှင်းသပ်ရပ်စွာပြင်ဆင်မွမ်းမံထားခြင်းမရှိသကဲ့သို့ လူတို့၏စိတ်ထဲ၌လေ့လာစရာနေရာ တစ်ခုအဖြစ် မှတ်ယူကြသော သွားလာနေကြသည့်အတွက် အားလုံးဖိနပ်စီးနေကြခြင်းဖြစ်သည်။

၃။      ဗုဒ္ဓက  ဓမ္မပဒယမဇာတ်၊ စက္ခုပါလထေရဝတ္ထုတွင်

                   “မနောပုဗ္ဗင်္ဂမာဓမ္မ၊ မနောသေဋ္ဌာ မနောမယာ၊

                   မနုသာစေ ပဒုဌေန ၊ ဘာသတိခါ ကရောတိဒါ၊

                   တတောနံ ဒုက္ခမနွေတိ စက္ကံဝ ဝဟတော ပဒံ။”

လို့မိန့်တော်မူထားပါသည်။ မည်သူအပြုအမူ၊ အပြောကိုမဆို ပြုမူပြောဆိုလျှင် ထိုသူ၏စိတ်သာလျှင် အဓိကဖြစ်၏။ ပြစ်မှားကျူးလွန်လိုသောစိတ်ဖြင့် ပြုမူပြောဆိုပါက (ဖိနပ်စီးပါက) အပြစ်ရှိ၏။ ပြစ်မှုကျူးလွန်လိုသောစိတ်မရှိပါက အပြစ်မရှိ။