Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 03, Wednesday - August 2016
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ၌ ခွင့်ပြုချက်မဲ့ ကျူးကျော်ဆောက်လုပ်ထားသော ဘာသာရေးအဆောက်အဦများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

နေပြည်တော် သြဂုတ် ၂                                                                 

၁။      ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာရှိ နိုင်ငံတော်ပိုင် မြေလွတ်မြေလပ်နှင့်မြေရိုင်း ၀.၅၀ ဧကရှိ မြေနေရာတွင် ခွင့်ပြုချက်မဲ့ အစ္စလာမ်ဝတ်ပြုအဆောက်အဦ အပါအဝင် အဆောက်အဦ ၄ လုံး ကျူးကျော်ဆောက်လုပ်ထားခဲ့ပါသည်။

၂။      ၁၉၈၅ ခုနှစ်တွင် ၎င်းမြေနေရာကို လုံးခင်းကျေးရွာနေ ဦးရဲမောင်(အစ္စလာမ်)ဘာသာဝင်၏ တောင်းဆိုချက်အရ လုံးခင်းကျေးရွာအုပ်စု၊ ပြည်သူ့ကောင်စီဥက္ကဋ္ဌဦးခင်မောင်(ကွယ်လွန်)မှ ဦးရဲမောင် (ကွယ်လွန်)အစ္စလာမ်ဘာသာဝင်အား ယာယီအိမ်ဆောက်ခွင့်ပြုပေးခဲ့ပြီး ၎င်းကွယ်လွန်ပါက အလိုအလျောက် ပျက်ပြယ်မည်ဟု ဝန်ခံကတိဖြင့် နေထိုင်ခွင့်ပြုခဲ့သည့်မြေနေရာဖြစ်ပါသည်။

၃။      အဆိုပါမြေနေရာကို ဥရုချောင်းတံတား စတင်တည်ဆောက်ခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ မှစ၍ လုပ်ငန်းခွင်သို့ ဝင်ထွက်သွားလာမှုမရှိအောင် အကာအရံများ ပြုလုပ်ထားပြီး အင်ဂျင်နီယာ ဦးဆန်နီသိန်းသည် အစ္စလာမ်ဘာသာဝင်ဖြစ်၍ ၎င်းတို့ ဘာသာအတွက် ဂေါပကအဖွဲ့များနှင့်ပူးပေါင်းပြီး ၎င်းမြေအတွင်း အဆောက်အဦများ ဆောက်လုပ်၍ ဝတ်ပြုဆောင်အဖြစ် အသုံးပြုခဲ့ပါသည်။

၄။      အဆိုပါအဆောက်အဦများမှာ သွပ်မိုးအုပ်စီ၊ ကွန်ကရစ်ခင်း၊ တစ်ထပ် ယာယီဝတ်ပြုဆောင် တစ်ဆောင်၊ နှစ်ခန်းသွပ်မိုး၊ ထရံကာ တစ်ထပ်အဆောက်အဦတစ်လုံး၊ သွပ်မိုး၊ အုတ်စီ၊ သွပ်ကာ နှစ်ထပ်ဆောက်လုပ်ဆဲ အဆောက်အဦတစ်လုံးနှင့် တံတားဆောက်လုပ်စဉ် တံတားအင်ဂျင်နီယာ ယာယီနေထိုင်ခဲ့သည့် သွပ်မိုး၊ ထရံကာ မြေစိုက်ယာယီအဆောက်အဦတစ်လုံး စုစုပေါင်းအဆောက်အဦ ၄ လုံးအား ၎င်းတို့ဘာသာအတွက် တရားမဝင်အသုံးပြုခဲ့ပါသည်။

၅။      ၎င်းအဆောက်အဦများ ဆောက်လုပ်ခဲ့မှုကို ဥရုချောင်းတံတားကြီးကို ဖွင့်လှစ်သည့် ၂၈-၃-၂၀၁၆ ရက်နေ့တွင် လူအများ ဖြတ်ကူးသွားလာသည့် အချိန်မှသာ ၎င်းမြေနေရာပေါ်တွင် ဘာသာရေး အဆောက်အဦများ ထင်ထင်ရှားရှားတွေ့မြင်ရသဖြင့် ဒေသရှိ သံဃာတော်များ၊ ကျေးရွာနေ အများပြည်သူ တို့မှ ကန့်ကွက်တားမြစ်ခြင်းနှင့် သက်ဆိုင်ရာသို့ အဆင့်ဆင့်တင်ပြဆောင်ရွက်ခဲ့၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီဖြစ်စေရေး မြို့နယ်အုပ်ချုပ်ရေးမှူးက အရေးယူဆောင်ရွက်ခဲ့ပါသည်။

၆။      အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၂၅-၆-၂၀၁၆ ရက်နေ့၊ ၀၈ ၃၀ နာရီအချိန် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် အစ္စလာမ်ဝတ်ပြုကျောင်းဆောင်ဂေါပကအဖွဲ့ဝင် ၂ ဦးတို့ တွေ့ဆုံဆွေးနွေး၍လည်းကောင်း၊ ၎င်းကိစ္စအား ၂၈-၆-၂၀၁၆ ရက်နေ့၊ ၁၄ ၀၀ အချိန်တွင် ထပ်မံ၍ ဆွေးနွေးခဲ့ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ နိုင်ငံပိုင် မြေလွတ် မြေလပ်နှင့်မြေရိုင်းကျူးကျော်မှုဆိုင်ရာဥပဒေအရ အရေးယူရန်နှင့် မလိုက်နာပါက တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။


၇။        ယင်းသို့ဆုံးဖြတ်ခဲ့မှုအပေါ် အစ္စလာမ်ဝတ်ပြုကျောင်းအဖွဲ့မှ ကျောက်ရိုးစီမြေ ၀.၂၀ ဧကပေါ်ရှိ တိုးချဲ့ အဆောက်အဦ ၃ လုံးကို ၎င်းတို့အစီအစဉ်ဖြင့် ဖျက်သိမ်းပေးခဲ့သော်လည်း အလှူရှင်များ ရေစက်ချ လှူဒါန်းထားသည်ဟု ဆိုသည့် ဧရိယာ ၀.၃၀ ဧကပေါ်ရှိ မူလအဆောက်အဦကိုမူ ဘာသာရေးအယူအဆ အရ ဖျက်သိမ်းရန် ငြင်းဆန်ခဲ့သဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေစဉ် ၎င်း အဆောက်အဦအား ၁-၇-၂၀၁၆ ရက်နေ့၊ ၁၅ ၄၈ အချိန်တွင် လူတစ်စုက မီးရှို့ဖျက်ဆီးခဲ့ပါသည်။

၈။      မီးရှို့ဖျက်ဆီးခံထားရသော ခွင့်ပြုချက်မဲ့ အစ္စလာမ်ဝတ်ပြုကျောင်းမြေနေရာအား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၃၃ အရ ဒေသအာဏာပိုင်က ဒေသန္တရအမိန့်ထုတ်ဆင့်လျက် ကန့်သတ်နယ်မြေ ဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၏ အခြားအမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မီ တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားရှိပါသည်။

၉။      ဘာသာအသီးသီးမှ တရားမဝင် အဆောက်အဦများ ဆောက်လုပ်မှုနှင့်ပတ်သက်၍ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျူးကျော်ဘုန်းကြီးကျောင်း ၂၄ ကျောင်းကိုလည်း ၂၀-၂-၂၀၁၄ ရက်နေ့မှစ၍ ဥပဒေနှင့်အညီ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ထပ်မံကျူးကျော်သည့် ဘုန်းကြီးကျောင်းများကိုလည်း နိုင်ငံတော်သံဃမဟာနာယကသို့ လျောက်ထား၍ ဥပဒေအတိုင်း စိစစ်အရေးယူလျက်ရှိပါသည်။

၁၀။    အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်ဘုန်းကြီးကျောင်း ၁၇၃ ကျောင်းကို လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျူးကျော်ဘုန်းကြီးကျောင်း ၈၆ ကျောင်းကို လည်းကောင်း၊ ကိုးကွယ်ရာဘာသာအသီးသီး၏ကျူးကျော်ဘာသာရေးအဆောက်အဦများကိုလည်းကောင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖယ်ရှားရှင်းလင်းလျက်ရှိပါသည်။

၁၁။    အဆိုပါကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာရှိ အစ္စလာမ် ဘာသာဝင် ဝတ်ပြုကိုးကွယ်ဆောင်အား တရားမဝင် လွှဲပြောင်းပေးအပ်သူများကိုလည်းကောင်း၊ ဝတ်ပြု ကိုးကွယ်ဆောင်အား မီးရှို့ဖျက်ဆီးခဲ့သူများကိုလည်းကောင်း၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။