Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 04, Thursday - August 2016
ကျိုက်ထီးရိုးစေတီတော်တွင် ခွင့်ပြုချက်မဲ့ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအသီးသီးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်

၁။      နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ဩဝါဒနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ ဦးဆောင်၍ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၇-၆-၂၀၁၆ ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။      နိုင်ငံတစ်ဝန်းရှိ ဘုရားများ၏ ဝတ္တကမြေတွင် မည်သည့် အဆောက်အဦမျှ ဆောက်လုပ်ခွင့် မရှိသော်လည်း ကျိုက်ထီးရိုးစေတီတော် ဝတ္တကမြေ၌ အဆောက်အဦများ ဆောက်လုပ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

၃။        ထိုသို့ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်းနှင့်စပ်လျဉ်း၍ ကျိုက်ထီးရိုး စေတီတော် ဂေါပကအဖွဲ့များအနေဖြင့် လက်ရှိတည်ဆဲဂေါပကစည်းမျဉ်းနှင့်အညီ ဩဝါဒါစရိယ ဆရာတော်ကြီးများထံတွင် ဩဝါဒခံယူ၍ လုပ်ဆောင်ရမည်ဖြစ်သော်လည်း ဆယ်စုနှစ်တစ်ခုမျှမက ဩဝါဒခံယူမှုမရှိခဲ့ပါ။ ထို့ပြင် ကျိုက်ထီးရိုးရင်ပြင်တော်ကျောင်းမှ ဩဝါဒါစရိယဆရာတော်အား ကျိုက်ထီးရိုးစေတီတော်တွင် လုပ်ငန်းအသီးသီး၌ လုပ်ကိုင်ခွင့်ရ ပုဂ္ဂိုလ် ၁ ဦးမှ ခြိမ်းခြောက်ပြောဆိုမှုများ ရှိခဲ့ပါသည်။

၄။      ယခင်က ပြည့်စုံဓမ္မာရုံ၊ သုံးထပ်ဓမ္မာရုံ၊ ဆီမီးကိုးထောင်ဓမ္မာရုံများသည် ဘုရားဖူးများ အခမဲ့ နားနေရန်အတွက် ရည်ရွယ်၍ ဆောက်လုပ်ထားခဲ့သော်လည်း ယခုအခါတွင် ဂေါပကအစီအစဉ်ဖြင့် ပုဂ္ဂလိကများသို့ BOT စနစ်ဖြင့် ကန်ထရိုက်ပေးဆောင်ရွက်ခြင်းကြောင့် ဘုရားဖူးပြည်သူများ အခကြေးငွေများစွာပေး၍ တည်းခိုနေရပါသည်။

၅။      အလားတူ ရွှေနန်းကျင်ဓမ္မာရုံနှင့် ထောက်လှမ်းရေးဓမ္မာရုံတို့ကို ရိုးရိုးလေးတည်းခိုခန်း(၁)၊ ရိုးရိုးလေးတည်းခိုခန်း(၂)အဖြစ် လုပ်ငန်းလိုင်စင်မရှိဘဲ ပြောင်းလဲဆောက်လုပ်ပြီး အခကြေးငွေများ ယူ၍ ငှားရမ်းလုပ်ကိုင်လျက်ရှိပါသည်။

၆။        အခကြေးငွေမတတ်နိုင်သော ဘုရားဖူးပြည်သူများအနေဖြင့် ရင်ပြင်တော်တွင် ဖျာငှား၍ ဖြစ်သလို နားနေခဲ့ရပါသည်။ သို့ဖြစ်ပါ၍ အနယ်နယ်အရပ်ရပ်မှ သံဃာတော်များနှင့် ဘုရားဖူးပြည်သူများ ယခင်ကကဲ့သို့ အခမဲ့သီတင်းသုံး/ ကုန်ကျစရိတ်သက်သာစွာ တည်းခိုနိုင်ရေးအတွက် စီမံဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၇။      ကျိုက်ထီးရိုးစေတီတော် ဝတ္တကမြေအတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ဆောက်လုပ်ခဲ့သော ဟိုတယ်အခန်း ၁၃၅ ခန်းကို ဆောက်လုပ် ပြီးမှသာ ခွင့်ပြုချက်တောင်းခံခဲ့သဖြင့် လိုက်လျောခွင့်ပြုခဲ့ရသည့်အပြင် ပိုမိုဆောက်လုပ်ထားသော ဟိုတယ်အခန်း ၁၀၆ ခန်းအား ပိတ်သိမ်းသွားရန် သက်ဆိုင်ရာဝန်ကြီးဌာနက ညွှန်ကြားသွားမည် ဖြစ်ပါသည်။ ထိုသို့ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခြင်းမရှိပါက ယခင်ခွင့်ပြုထားသည့် ဟိုတယ် အခန်း ၁၃၅ ခန်းအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက လိုက်စင်ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

၈။        ကျိုက်ထီးရိုးစေတီတော်ရှိ ဝတ္တကမြေအတွင်း ဆောင်ရွက်လျက် ရှိသည့် ဟိုတယ်/တည်းခိုခန်း၊ စားသောက်ဆိုင်၊ စတိုးဆိုင်များနှင့် တောင်တက်ယာဉ်အသင်းတို့၏ ပေးဆောင်ထားသည့် အခွန်အခ များသည်လည်း ရသင့်ရထိုက်သည့် အခွန်ပမာဏထက် လျော့နည်းလျက်ရှိသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနက လျော့နည်းသည့် အခွန်အခများအား စည်းကြပ်ကောက်ခံသွားမည် ဖြစ်ပါသည်။

၉။        ကျိုက်ထီးရိုးစေတီတော်သို့ ရန်ကုန်မြို့၊ မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့နယ်နှင့် တောင်တက်ယာဉ် လိုင်းများအား လုပ်ငန်းရှင်ကြီး ၁ ဦး၏လက်ဝါးကြီးအုပ်ခြယ်လှယ်မှုကြောင့် ဘုရားဖူးပြည်သူများ စိတ်သောကရောက်ရှိရသည့်အပြင် ငွေကြေးအဆမတန်ကုန်ကျမှုများကို ရင်ဆိုင်ရလျက်ရှိပြီး ကျိုက်ထီးရိုး စေတီတော်၏ လုပ်ငန်းကိစ္စအဝဝကို ဆောင်ရွက်စီမံသည့် ဂေါပကအဖွဲ့သည်လည်း အဆိုပါလုပ်ငန်းရှင်ကြီး ၏သဘောတစ်ခုတည်းဖြင့်သာ ဆောင်ရွက်လုပ်ကိုင်နေရလျက်ရှိပါသည်။

၁၀။    ထိုကဲ့သို့ အများပြည်သူ၏အကျိုးကို ဦးစားမပေးသော လက်ရှိဂေါပကအဖွဲ့အား ပြင်ဆင် ဖွဲ့စည်းနိုင်ရန် ဤဝန်ကြီးဌာနမှ ဂေါပကစည်းမျဉ်းကို ရေးဆွဲပြီး ရှေ့နေချုပ်ရုံး၏အကြံပြုချက်ရယူနိုင်ရန် တောင်းခံထားပြီးဖြစ်ပါသည်။ အဆိုပါဂေါပကစည်းမျဉ်းအား ရှေ့နေချုပ်ရုံးမှ ပြန်လည်ပေးပို့ချိန်တွင် ဂေါပကစည်းမျဉ်းနှင့်အညီ ဂေါပကအဖွဲ့သစ်များ ရွေးချယ်ခန့်ထားသွားမည်ဖြစ်ပါသည်။

၁၁။    ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိပါက အဆိုပါလုပ်ငန်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာတရားရုံး၌ တရားစွဲဆိုသွားမည် ဖြစ်ပါသည်။