|
|
Back
|
06, Saturday - August 2016
|
|
|
အခြေပြုမူလတန်းစာမေးပွဲ ပြန်လည်ကျင်းပမည်
|
နေပြည်တော်၊ ဩဂုတ် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဇူလိုင် ၁၄ ရက်တွင် ကျင်းပသည့် ၄၇ ပါးစုံညီ ဧကာဒသမအစည်းအဝေးက ၁၃၇၈ ခုနှစ်(၂၀၁၇ ခုနှစ်) မှ စတင်၍ အခြေပြုမူလတန်းစာမေးပွဲကို ပြန်လည်ကျင်းပရန်ဟု ဆုံးဖြတ်တော်မူခဲ့ပြီး ပြဋ္ဌာန်းကျမ်းစာများကို အောက်ဖော်ပြပါအတိုင်း သတ်မှတ်ပေးခဲ့ပါသည်-
ပြဋ္ဌာန်းကျမ်းစာများ
(က) ဝိနယ
(၁) ပစ္စဝေက္ခဏာ၊ လိုင်၊ ဒဏ်၊ သေခိယ၊ စုဒ္ဒသ ခန္ဓကဝတ်ပါဠိ၊ အနက်၊ အဓိပ္ပာယ်
(၂) ဘိက္ခုပါတိမောက်(အစမှ အနိယတုဒ္ဒေသအဆုံးအထိ) ပါဠိ၊ အနက်၊ ကျမ်းရင်း အဓိပ္ပာယ်၊ လူနှင့်သီလရှင်များအတွက် သုကုမာရ မဂ္ဂဒီပနီ(လယ်တီ)
(ခ) ကစ္စည်းသဒ္ဒါကြီး
ကစ္စည်းသဒ္ဒါကြီးသုတ်စဉ်ပါဠိ(အားလုံး) သန္ဓိ၊ နာမ်၊ အာချာတ်၊ သုတ်နက်၊ ရုပ်တွက် နာမ်ဂိုဏ်း
(ဂ) အဘိဓမ္မတ္ထသင်္ဂဟ
စိတ်၊ စေတသိက်၊ ပကိဏ်း၊ ရုပ်၊ သမုပစ္စည်း ၅ ပိုင်း၊ ပါဠိ၊ အနက်၊ သရုပ်၊ ကျမ်းရင်း အဓိပ္ပာယ်
(ဃ) တိကမောတိကာ
ပါဠိ၊ အနက်၊ အရကောက်
မှတ်ချက်။ ၂၀၁၇ ခုနှစ် စာမေးပွဲအတွက် ပထမငယ်တန်းကို ဝင်ရောက်ဖြေဆိုနိုင်ပါက ဝင်ရောက် ဖြေဆိုခွင့်ပြုရန်
နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါးစုံညီ ဧကာဒသမအစည်းအဝေး၏ဆုံးဖြတ်ချက်နှင့်အညီ ၁၃၇၈ ခုနှစ်(၂၀၁၇ ခုနှစ်)မှ စတင်၍ အခြေပြုမူလတန်းစာမေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပြဋ္ဌာန်းကျမ်းစာများကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ပုံနှိပ်ထုတ်ဝေရေးဌာနခွဲမှ ပုံနှိပ်ရေး ဆောင်ရွက်လျက်ရှိပြီး ၁၃၇၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက် (စက်တင်ဘာ ၂၀ ရက်)တွင် စတင်ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။
|
|