Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 08, Monday - August 2016
အစိုးရသစ်လက်ထက်တွင် ကျူးကျော်ဘုန်းကြီးကျောင်းများအား ဖျက်သိမ်းမှု မရှိသေးကြောင်း ရှင်းလင်းဖော်ပြခြင်း

၁။     ၄-၈-၂၀၁၆ ရက်နေ့ထုတ် ကြေးမုံနှင့်မြန်မာ့အလင်းသတင်းစာတို့တွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏ “ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ၌ ခွင့်ပြုချက်မဲ့ ကျူးကျော်ဆောက်လုပ်ထားသော ဘာသာရေးအဆောက်အအုံများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်၊ အပိုဒ်(၁၀)”တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်ဘုန်းကြီး ကျောင်း ၁၇၃ ကျောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျူးကျော်ဘုန်းကြီး ကျောင်း ၈၆ ကျောင်းကိုလည်းကောင်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖယ်ရှားရှင်းလင်းလျက် ရှိသည် ဟု ဖော်ပြပါရှိပါသည်။

၂။     အဆိုပါ ဖော်ပြထားသော ကျူးကျော်ဘုန်းကြီးကျောင်းများ ဖယ်ရှားရှင်းလင်းသည်ဆိုခြင်းမှာ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ယခင် အစိုးရလက်ထက်၌ ဖျက်သိမ်းခဲ့ပြီးသော ကျူးကျော် ဘုန်းကြီးကျောင်းများကို ဖော်ပြခြင်း ဖြစ်ပါသည်။

၃။     ယခု အစိုးရသစ်လက်ထက်တွင် ကျူးကျော် ဘုန်းကြီးကျောင်းများအား ဖယ်ရှားရှင်းလင်းမှု မရှိသေးပါကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။

 

 

(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)