Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 10, Wednesday - August 2016
တရားမဝင်ကျူးကျော်ကျောင်းဆိုသည်မှာ

၁။        ကျူးကျော်ကျောင်းဆိုသည်မှာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်က ထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ဆောက်လုပ်ထားခြင်းမပြုဘဲ ကျူးကျော်လိုတဲ့စိတ်နဲ့ ဆောက် ထားတဲ့ ကျောင်းတွေဖြစ်ပါတယ်။ ကျူးကျော်ကျောင်းတွေဟာ ဓမ္မဝိနယနှင့်အညီ မနေထိုင်လိုတဲ့ ပုဂ္ဂိုလ် တွေကြောင့် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

၂။      ကျူးကျော်ကျောင်းတွေ ရှိနေတာကို ဒေသခံသံဃာများက လက်မခံပါဘူး။ ဒေသခံသံဃာနဲ့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်က လက်မခံတဲ့အတွက် ကျူးကျော်ကျောင်းလို့ သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရမြေ၊ ပုဂ္ဂလိကမြေ၊ ဘုရားရင်ပြင်တော်တို့၌ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားရင်တော့ ကျူးကျော်ကျောင်းအဖြစ် သတ်မှတ်ခံရမှာပဲဖြစ်ပါတယ်။

၃။      ကျူးကျော်ကျောင်းတွေကို တရားဝင်ကျောင်းအဖြစ် ပြုလုပ်ချင်တယ်ဆိုရင်တော့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့နဲ့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့ရဲ့ ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေကို လေ့လာပြီး ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ကျူးကျော်ကျောင်း ဟုတ်/မဟုတ်ဆိုတာ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က ဆုံးဖြတ်တာဖြစ်ပါတယ်။

၄။      တရားဝင်ကျောင်း အင်္ဂါရပ်တွေကတော့ ကျောင်းထိုင်ဘုန်းကြီးက ကျောင်းထိုင်အင်္ဂါရပ်တွေနဲ့ ပြည်စုံခြင်း၊ ပတ်ဝန်းကျင်က ကြည်ညိုလေးစားခြင်း၊ ပရိယတ္တိစာပေသင်ကြားပို့ချခြင်း၊ ပဋိပတ်ကျင့်ကြံ အားထုတ်ခြင်း၊ တရားဟော တရားပြသခြင်း၊ ပတ်ဝန်းကျင် သံဃာများနှင့် ပူးပေါင်းဆောင်ရွက်မှုရှိခြင်း၊ ကျောင်းကလည်း ဘုန်းကြီးကျောင်း အင်္ဂါရပ်နဲ့ ညီညွတ်ခြင်းတို့ဖြစ်ပါတယ်။

၅။      တရားမဝင် ဗလီတွေ၊ ချာ့ချ်ကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေကို ဖျက်သိမ်းစေချင်တယ် ဆိုရင်တော့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒီအကြောင်းအရာတွေကို သိချင်ရင်တော့ သာသနာရေးဦးစီးဌာနက လွှင့်တင်ထားတဲ့ အင်တာနက်စာမျက်နှာ ဝက်ဘ်ဆိုက်နဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ သာသနာရေးမှူးများထံမှာ  လေ့လာကြည့်ရှုနိုင်ပါတယ်။