Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 17, Wednesday - August 2016
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ကုန်းကြီးကျေးရွာ ၊ ရတနာမာန်အောင်ကျောင်းတိုက်ကိစ္စ ရှင်းလင်းဖော်ပြချက်

      ၁၆-၈-၂၀၁၆ ရက်နေ့၊  လူမှုကွန်ယက်စာမျက်နှာ Facebook ပေါ်တွင် “ပဲခူးတိုင်းဒေသကြီး၊  ကဝမြို့နယ်၊ ကုန်းကြီးကျေးရွာ၊ ရတနာမာန်အောင်ကျောင်းတိုက်အား ရဲအင်အား ၄၀ ဦးခန့်ဖြင့် လာရောက်ဖယ်ရှားခိုင်းခဲ့သည်”ဟု ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိတနှင့် DVB သတင်းဌာနတို့ တွေ့ဆုံမေးမြန်းထားသည့်  Video ဖိုင်အား Than Zaw ၊ Kyaw Min ၊ နန်းလှယမင်းဖွေး၊ ကျိုက်ထိုရွှေမြို့တော် သတင်းစဉ် အစရှိသည့် Account များမှ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၂။         အဆိုပါ ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိတနှင့် DVB သတင်းဌာနတို့ တွေ့ဆုံမေးမြန်းထားသည့်  Video ဖိုင်သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ၂၀၁၁ ခုနှစ်  ဝိနိစ္ဆယမှုခင်းအား  ထပ်မံထုတ်လွှင့်ပြီး ဘာသာရေးကို ခုတုံးလုပ်၍ နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်နေခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းဖော်ပြ အပ်ပါသည်။