Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 06, Tuesday - September 2016
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ စေတီပုထိုးများနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ ၆

မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ စေတီပုထိုးများနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရန် အတွက် တရုတ်(တိုင်ပေ)၊ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာလူငယ်များကော်မတီ (WFBY)မှ အဖွဲ့ဝင်ဆရာတော် Ven.Chen Kong (ကိုယ်စား)  ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာလူငယ်များ ဥက္ကဋ္ဌ Dr.Pornchai Pinyapong က အလှူတော်ငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ၊ Dr. Pornchai Pinyapong က အလှူတော်ငွေကျပ် ၁၀ သိန်း၊ ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းမှ Luang Phaw Dhammajaya က အလှူတော်ငွေ ကျပ် သိန်း ၂၀ ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Royal Jade Business Lounge မှ ဒေါ်နှင်းနှင်းအေး က အလှူတော်ငွေကျပ် ၁၀ သိန်း စုစုပေါင်း အလှူတော်ငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့် ကျပ်သိန်း ၄၀ တို့အား ယနေ့ နေ့လယ်  ၁ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က လက်ခံရယူပါသည်။