|
|
Back
|
14, Wednesday - September 2016
|
|
|
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အရာထမ်း(ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး) မွမ်းမံသင်တန်း(သာသနာရေး) အမှတ်စဉ်(၂/၂၀၁၆)ဖွင့်လှစ်
|
နေပြည်တော်၊ စက်တင်ဘာ ၁၄
ယနေ့နံနက် ၈ နာရီအချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အရာထမ်း(ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး)မွမ်းမံသင်တန်း(သာသနာရေး)၊ အမှတ်စဉ်(၂/၂၀၁၆)ကို နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုံညီခန်းမ၌ဖွင့်လှစ်ရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေနှင့် ဝန်ထမ်းများမှာ ရှိသင့်သည့် အရည်အချင်းများ မြင့်မားလာစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သည့် သင်တန်းဖြစ်သဖြင့် ကြိုးစားမှတ်သားသွားကြရန်လိုအပ်ကြောင်း၊ ဤသင်တန်းတွင် ဝန်ကြီး ဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်၊ သတင်းမီဒီယာနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာ၊ ဘာသာကြီး ၄ ခု အကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေများ/ နည်းဥပဒေများ၊ ခေါင်းဆောင်မှုနှင့်အထွေထွေစီမံခန့်ခွဲမှု၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးစသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ တက်ရောက်သည့် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစီ၏ စွမ်းရည်မြှင့်တင်ရေးအတွက် ဝန်ကြီးဌာန၏ မူဝါဒများ၊ ဦးစီးဌာန အသီးသီး၏ မူဝါဒလုပ်ထုံးလုပ်နည်းများကို အလေးထားလိုက်နာဆောင်ရွက်ရန် အရေးကြီး ကြောင်း စသည်ဖြင့် အမှာစကားပြောကြားပါသည်။
အဆိုပါသင်တန်းကို ၁၄-၉-၂၀၁၆ ရက်နေ့မှ ၂၂-၉-၂၀၁၆ ရက်နေ့အထိ ဘာသာရပ် ၂၁ ခုဖြင့် သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသို့ အရာထမ်း ၃၀ ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။
|
|