Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 24, Saturday - September 2016
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် ပရိဝုဏ်နှင့် ဆက်စပ်မှုဧရိယာအတွင်း ဥပဒေလုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ စီးပွားရေးလုပ်ဆောင်နေသော ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်သည် သာသနာရေး နှင့်ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံခွင့်ပြုပါရန် တင်ပြချက်အရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း

၁။ ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်သည် ကျိုက်ထီးရိုးတောင်တော်ဒေသတွင် လုပ်ဆောင်နေ သော စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံ၍ ရှင်းလင်းပြောကြား ခွင့်ပြုပါရန် ၁၆.၉.၂၀၁၆ ရက်နေ့ ရက်စွဲပါစာဖြင့် တင်ပြလာမှုအပေါ် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ဝန်ကြီးဌာနရှိ တာဝန်ရှိသူအကြီးအကဲများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး) ရုံးအမှတ်(၃၁) ၌ ၂၃.၉.၂၀၁၆ရက်နေ့ ၁ဝးဝ၀ နာရီတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
၂။
 တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီးဌာနတာဝန်ရှိသူများက ကျိုက်ထီးရိုးဆံတော်ရှင် တောင်တော်ဒေသ၌ စီးပွားရေး ဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီဆောင်ရွက်ရေး၊တရားဥပဒေစိုးမိုးရေး၊ နှစ်စဉ် လာရောက် ကြသည့် ဘုရားဖူး ရဟန်း၊ရှင်၊လူပြည်သူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးနိုင်ရေး ၊ ပြည်သူများသက်တောင့် သက်သာစွာဖြင့် တည်းခိုနိုင်ရန် ဆောက်လုပ်ထားသော ဓမ္မာရုံများတွင် ပြည်သူများအခမဲ့တည်းခိုနိုင်ရေး၊ ကျိုက်ထီးရိုး ဆံတော်ရှင်အတွက် ရည်မှန်းလှူဒါန်းသော အလှူခံဌာနများကို ကန်ထရိုက်စနစ်ပယ်ဖျက်၍ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ ကြီးကြပ်မှုဖြင့်ဂေါပကဝန်ထမ်းများခန့်ထားပြီး အလှူခံပုံးများထားရှိ၍ 
စနစ်တကျကောက်ခံ လှူဒါန်းနိုင်ရေး၊ စေတီတော်သို့ လှူဒါန်းသည့် ရွှေဆိုင်းများသည် အရည်အသွေး စံချိန်စံညွှန်းမှီ၍ စျေးနူန်းမှန်ကန် စွာဖြင့် လှူဒါန်းနိုင်အောင် ဆောင်ရွက်ရေး၊ ရိုးရိုးလေး ကုမ္ပဏီ တည်ဆောက်ထားသော ဟိုတယ်အဆောင်များ ဆောက်လုပ်မှုသည် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှု မရှိခြင်းနှင့် မူလဘူမိမြေအား ခိုင်မာမှုကို ပျက်စီးစေပြီး သဘာဝနယ်မြေအတွင်း သဘာဝ အနေအထား တစ်ခုခုကို ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီလိုက်နာ ဆောင်ရွက်ပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
၃။
 
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ရှင်းလင်းဆွေးနွေးမှုများအရ ဦးနေထက် သိန်းနိုင် မှာ ၄င်း၏စီးပွားရေးဆောင်ရွက်မှုများသည် ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ဆောင်ရွက် နေမှုများကို လည်းကောင်း၊တောင်တော်ဒေသတွင် တရားဥပဒေစိုးမိုးရေးလိုအပ်မှုများကိုလည်းကောင်း သိမြင် လာ၍ ဦးနေထက်သိန်းနိုင်အနေနှင့် အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ပါသည်-
(က)
 ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တော်ဒေသတွင် ရိုးရိုးလေးကုမ္ပဏီက   ဆောက်လုပ်ထားသော ဟိုတယ်(၇)လုံး၊ အခန်း(၂၄၁)ခန်းကို ဟိုတယ်နှင့်  ခရီးသွားလာရေး ဝန်ကြီးဌာနက  သတ်မှတ်ထားသော စည်းမျဉ်း  စည်းကမ်းများ နှင့်အညီ သတ်မှတ် ချိန် အတွင်း ပြင်ဆင် တည်ဆောက်၍ ဆောက်လုပ်ထားသော ဟိုတယ်  ဆောင်များ သည်  တည်ဆဲဥပဒေ  လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရန်  ဆက်လက်ဆောင်ရွက်  
သွားပါမည်။
(ခ)
 ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဝတ္တကမြေအတွင်း ရိုးရိုးလေး   ကုမ္ပဏီတည်ခိုးခန်းအဖြစ် တည်ဆောက်ထားသော  ရွှေနန်းကျင်ဓမ္မာရုံ၊ထောက်လှမ်းရေးဓမ္မာရုံတို့ကို ဘုရားဖူးပြည်သူများ အခမဲ့ တည်းခို  နိုင်ရန် လက်ရှိအခြေအနေအတိုင်း ကျိုက်ထီးရိုးဂေါပက (အသစ်) ထံစနစ်တကျ  
လွှဲပြောင်းပေးပါမည်။
(ဂ)
 ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့နှင့်ချုပ်ဆိုထားသောစီးပွားရေး လုပ်ငန်းဆိုင်ရာ  
ကန်ထရိုက် စာချုပ် များကို ဖျက်သိမ်းပေးပါမည်။
(ဃ)
  ဦးနေထက်သိန်းနိုင်အနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိသော အခွန်  
အရပ်ရပ်ကို တည်ဆဲဥပဒေနှင့်အညီ စစ်ဆေးမှုခံယူ၍ ပေးသွင်းပါမည်။
 ၄။ 
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ဒေသ တွင်တရားဥပဒေ စိုးမိုးရန်လည်းကောင်း၊ဘုရားဖူးရဟန်းရှင်လူ ပြည်သူအများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ဘုရားဖူး နိုင်ရန် ရည်မှန်း၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ မွန်ပြည်နယ် အစိုးရအဖွဲ့တို့ညှိနှိုင်းပြီး ဂေါပက အဖွဲ့ကို ကြီးကြပ်၍ အောက်ပါတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်-
(က) ကျိုက်ထီးရိုးဆံတော်ရှင်ဝတ္တကမြေအတွင်းရှိ ဓမ္မာရုံများတွင် ပြည်သူများ အခမဲ့
 
တည်းခိုနိုင်ရေး ဂေါပကအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပါမည်။
(ခ) ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ ရည်မှန်း၍ လှူဒါန်းသော အလှူငွေများကို
 ဂေါပကအဖွဲ့၏    ကြီးကြပ်မှုဖြင့် ဂေါပကဝန်ထမ်းများခန့်ထားပြီး အလှူခံပုံးသို့  ထည့်သွင်း လှူဒါန်း ထိန်းသိမ်းသော စနစ်ကို  ကျင့်သုံးပါမည်။  ကန်ထရိုက်စနစ်  ကို  
ဖျက်သိမ်းပါမည်။
(ဂ)
 ကျိုက်ထီးရိုးဆံတော်ရှင်သို့ လှူဒါန်းသည့် ရွှေဆိုင်းများ အရည်အသွေးပြည့်မှီ၍  စျေးနူန်းမှန်   ကန်စွာဖြင့် လှူဒါန်းနိုင်ရန် ဂေါပကအဖွဲ့၏  ကြီးကြပ်မှုဖြင့်  တင်ဒါ ခေါ်ယူ တင်သွင်းရောင်းချနိုင်ရေး၊  ဝန်ကြီးဌာန က  လမ်းညွှန်ဆောင်ရွက်ပါမည်။