နေပြည်တော်၊ စက်တင်ဘာ ၂၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ကမ္ဘာ့ YMCA အဖွဲ့ချုပ်(World Alliance of YMCAs)အထွေထွေအတွင်းရေးမှူးချုပ် Rev.Dr.Johan Vilhelm Eltvik နှင့်အဖွဲ့အား ယနေ့ နေ့လယ် ၂ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာ၌ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။