Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 30, Friday - September 2016
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကိုရီးယားနိုင်ငံ၊ ဂျိုဂဲဂျုံးဗုဒ္ဓဘာသာဂိုဏ်းဝင် ဘိုမွန်းဂျောင်းဆာကျောင်းထိုင်ဆရာတော်Hyun Myung(Mr.Kim Yong Bae)အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ    ၃၀

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ကိုရီးယားနိုင်ငံ၊ ဂျိုဂဲဂျုံးဗုဒ္ဓဘာသာဂိုဏ်းဝင် ဘိုမွန်းဂျောင်းဆာကျောင်းထိုင်ဆရာတော် Hyun Myung(Mr.Kim Yong Bae)အား ယနေ့နေ့လယ် ၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထို့နောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ စေတီပုထိုးများနှင့် သာသနိကအဆောက်အဦများ ပြုပြင်ရန်အတွက်  ဘိုမွန်းဂျောင်းဆာ ဆရာတော်က အမေရိကန်ဒေါ်လာ ၁ဝဝဝ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

အဆိုပါတွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။