Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 18, Tuesday - October 2016
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတိုက်ကျေးရွာ၊ နန်းဗိုလ်လင်းစေတီသာသနာ့မြေအတွင်း ကျောက်ထုတ်လုပ်နေမှုကို ဒေသခံများ ဆန္ဒပြခြင်းကိစ္စ

၁။        မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတိုက်ကျေးရွာ၊ နန်းဗိုလ်လင်းစေတီသာသနာ့မြေအတွင်း ကျောင်းထိုင် ဆရာတော်နှင့် ကျောင်းအကျိုးတော်ဆောင်များ ဘုရားတည်ရန် အကြောင်းပြချက်ဖြင့် ကျောက်မိုင်းများ ခွဲနေခြင်းကို သက်ဆိုင်ရာဌာနများက အရေးယူခြင်း မရှိသဖြင့် ဆန္ဒပြဖော်ထုတ်ခြင်းဖြစ်ကြောင်း ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဒေါ်မေဇာလင်းမောင်က ပြောကြားသည့် သတင်းအား ၁၃-၁၀-၂၀၁၆ ရက်နေ့တွင် အင်တာနက်လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့ပါသည်။

၂။      နန်းဗိုလ်လင်းစေတီမှ ဦးပဉ္ဇင်း သစ္စာက ပြောကြားရာတွင် “သာသနာ့နယ်မြေသည် သစ်တော ဧရိယာပိုင် ၃ ဒသမ ၆၀ ဧကရှိပြီး ကျောင်းထိုင်ဆရာတော်က ဘုရားတည်ရန် အုတ်မြစ်ချထားပြီး ဖြစ်ကြောင်း၊ ဘုရားတည်ရန် ကျောက်ထုတ်လိုသဖြင့် ကျောက်မိုင်းခွဲရကြောင်း၊ ကိုယ်ကျိုးအတွက် မဟုတ်ကြောင်း၊ ကျောက်မိုင်းခွဲတဲ့အခါ ဒေသခံ အိမ်ထိမိသွားလျှင် တတ်နိုင်သလောက် ဖြေရှင်း ပေးကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပါသည်။

၃။      နန်းဗိုလ်လင်းစေတီသစ်တည်ခြင်းကိစ္စသည် ဒေသခံ ရွာသူ/ရွာသားများ၏ သဘောဆန္ဒမပါဘဲ ဆောင်ရွက်နေမှုအပေါ် ရပ်တန့်ပေးရန် ကတိုက်နှင့် အင်ပြောင် ရွာခံများ၏ တင်ပြစာအပေါ် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ၁၀-၁၀-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးထံ လာရောက်တွေ့ဆုံပြီး အဆိုပါကိစ္စအား တင်ပြခဲ့ပါသည်။

၄။      အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ မွန်ပြည်နယ် သာသနာရေးမှူးက ဖြစ်စဉ်အသေးစိတ်အား စိစစ်တင်ပြစေခြင်း၊ သာသနာရေးဦးစီးဌာနမှလည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံ လျှောက်ထားသွားမည်ဖြစ်ခြင်းတို့အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။