Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 19, Wednesday - October 2016
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၊ ယုဒဿန်သုတေသနဌာနတို့၏ စတုတ္ထအကြိမ် နှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲကျင်းပခြင်းကိစ္စ

၁။      ကမ္ဘာပေါ်တွင် မတူကွဲပြားသည့် ကိုးကွယ်ရာ ဘာသာအသီးသီးသည် အပြန်အလှန်ယုံကြည်မှု၊ တန်ဖိုးထား လေးစားမြတ်နိုးမှု၊ အတူတကွနားလည်စွာပူးပေါင်းလက်တွဲမှု စသည့်အကြောင်းတရား များအပေါ် အခြေခံဆောင်ရွက်နိုင်မှသာ ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။

၂။      ထိုကဲ့သို့ ပြည့်စုံလုံလောက်သော အကြောင်းတရားများဖြစ်ထွန်းပေါ်ပေါက်စေရန် ဤဝန်ကြီး ဌာနသည် ၂၀၀၈ ခုနှစ်မှစတင်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းတည်ထောင်နိုင်ရန် အားပေး ကူညီဆောင်ရွက်ခဲ့ပါသည်။ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို ဗဟိုအဖွဲ့ ၁ ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ၁၂ ဖွဲ့၊ ခရိုင်အဆင့် ၃၇ ဖွဲ့နှင့် မြို့နယ်အဆင့် ၇၄ ဖွဲ့တို့ဖြင့် ဖွဲ့စည်း ထားရှိပြီး မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသည့် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ပဋိပက္ခများကို ညှိနှိုင်း ဖြေရှင်းပေးခြင်းအားဖြင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုလျက်ရှိပါသည်။

၃။      ၁၃-၁၀-၂၀၁၆ ရက်၊ အင်္ဂါနေ့ထုတ် စောင့်ကြည့်သတင်းဂျာနယ်အတွဲ(၁၁)၊ အမှတ်(၂၅)တွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် International Theravada Buddhist Missionary University (ITBMU)၏ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူအချို့၏ သတင်းနှင့်ပတ်သက်၍ ရေးသားဖော်ပြ ခဲ့ပါသည်။

၄။      အဆိုပါဖော်ပြချက်များနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ရှင်းလင်းတင်ပြအပ်ပါသည်-

          (က)    မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၊ ယုဒဿန်သုတေသနဌာန Judson Research Center of Myanmar Institute of Theology (JRC-MIT) သည် ၂၀၀၃ ခုနှစ်မှစတင်၍ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာစသည့် ဘာသာရေးခေါင်းဆောင်များအား ဖိတ်ကြား၍ ဘာသာပေါင်းစုံချစ်ကြည်ရေးနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲများ ကျင်းပ ခဲ့ပါသည်။

          ( ခ )   (ITBMU) နှင့် (JRC-MIT) တို့သည် တစ်နှစ်လျှင် (၁) ကြိမ်စီ အလှည့်ကျ ပညာရှင်အဆင့် စာတမ်းဖတ်ပွဲများကို ၂၀၁၃ ခုနှစ်မှစတင်၍ ကျင်းပခဲ့ရာ ယခုအချိန်အထိ (၄) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါသည်။

          ( ဂ )   ထိုသို့ဓမ္မပညာရှင်အချင်းချင်း အပြန်အလှန်နှီးနှောဖလှယ်ခြင်းဖြင့် ဘာသာဝင်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစွာတည်ဆောက်နိုင်ခြင်း၊ မတူကွဲပြားသည့်ကိုးကွယ်ရာ ဘာသာဝင်များအကြား ဖြစ်ပေါ်သည့်ပဋိပက္ခများကို တရားမျှတစွာ အတူလက်တွဲဖြေရှင်း နိုင်၍ ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခြင်းကြောင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။

          (ဃ)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နယ်စပ်နှင့်တောင်တန်းဒေသတစ်ဝန်း၌ မှီတင်းနေထိုင် လျက်ရှိသည့် တိုင်းရင်းသားအများစုသည် ခရစ်ယာန်ဘာသာဝင်များဖြစ်သည့်အားလျော်စွာ နယ်စပ်ဒေသအသီးသီးတွင် ဖြစ်ပေါ်လျက်ရှိသည့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို

                   ဓမ္မပညာရှင်များမှတစ်ဆင့် အပြန်အလှန်နားလည်ယုံကြည်မှုကို တည်ဆောက်ခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

          ( င )   ပါမောက္ခချုပ်ဆရာတော်ကြီးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ITBMU)မှ ကျင်းပပြုလုပ်သည့် ဘာသာရေး၊ သာသနာရေးဆိုင်ရာအခမ်းအနားများသို့ မပျက်မကွက် တက်ရောက်လျက်ရှိပြီး အချို့အချိန်များတွင် ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေအရ လည်းကောင်း၊ ရာသီဥတုအခြေအနေအရလည်းကောင်း ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာ ရပ်ကွက်ရှိ Dhamma Sahaya Sasana Center ၌ ပရိယတ္တိစာပေများ သင်ကြားပို့ချရင်း အနားယူလျက်ရှိပါသည်။

          ( စ )   သို့ဖြစ်ပါ၍ (ITBMU) နှင့် (JRC-MIT)တို့၏ ၁၀-၉-၂၀၁၆ ရက်နေ့တွင် ကျင်းပသော စတုတ္ထအကြိမ် နှီးနှောဖလှယ်ပွဲနှင့်စာတမ်းဖတ်ပွဲသို့ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေအရ တက်ရောက်နိုင်ခြင်းမရှိသည့်အပေါ် ပြစ်တင်ဝေဖန် ဖော်ပြခြင်း ဖြစ်ပါသည်။

          (ဆ)    (ITBMU) မှ ဆောင်ရွက်ခဲ့သည့် နှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲများအား ဝန်ကြီးဌာနသို့ အသိပေးတင်ပြခဲ့ကြောင်းနှင့် အဆိုပါအကြောင်းအရာများအား အထင်အမြင်လွဲမှား စေလိုသူ အချို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ ပစ်စာ ပေးပို့ခြင်းဖြစ်ပါသည်။

၅။      အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၊ ယုဒဿန် သုတေသနဌာနတို့၏ စတုတ္ထအကြိမ် နှီးနှောဖလှယ်ပွဲနှင့်စာတမ်းဖတ်ပွဲသည် ဘာသာတစ်ခုနှင့်တစ်ခု၊ ဘာသာဝင်များအချင်းချင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို လျော့နည်းစေရန်နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တိုးတက်ခိုင်မာစေရန်အတွက် ဘာသာတရားများ၏ အဆုံးအမများနှင့်အညီ အတူတကွ လက်တွဲဆောင်ရွက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုသာဖြစ်ပါသည်။ ထိုနှီးနှောဖလှယ်ပွဲသည် ယနေ့ဦးစားပေးဆောင်ရွက်နေသော ဘာသာပေါင်းစုံချစ်ကြည်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Interfaith Friendship Group ၏လုပ်ငန်းတာဝန်များမှ အဓိကတာဝန်တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း အများပြည်သူသိရှိစေရန် ဖော်ပြအပ်ပါသည်။