၁။ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စီမံကွပ်ကဲလျက် ရှိသည့် တာဝန်ရှိသူများ၏ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အဖြစ်မှန်ဖော်ထုတ်နိုင်ရန်အတွက် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)က ၃-၁၀-၂၀၁၆ ရက်နေ့၊ ရုံးအမိန့်စာအမှတ်(၂၀၃/၂၀၁၆)ဖြင့် ရှေးဦးစုံစမ်းရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
၂။ ရှေးဦးစုံစမ်းရေးအဖွဲ့၏အစီရင်ခံစာပါ စစ်ဆေးတွေ့ရှိချက်များအရ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ တာဝန်ရှိမှု အတိုင်းအတာပေါ်မူတည်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။