Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 11, Friday - November 2016
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိ

၁။        ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့အနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ် ပွဲတော်ရာသီ ၁၆-၁၀-၂၀၁၆(သီတင်းကျွတ်လပြည့်နေ့)ရက်နေ့မှ ၉-၁၁-၂၀၁၆ ရက်နေ့အထိ အောက်ဖော်ပြပါ ကျိုက်ထီးရိုးစေတီတော် ဘက်စုံလုပ်ငန်းများကိုဆောင်ရွက်နိုင်ခဲ့ပါသည်-

          (က)   ၂၀၁၅-၂၀၁၆ ခုနှစ် ပွဲတော်ရာသီတွင် ကင်မွန်းစခန်းကားဝင်းလုပ်ငန်းကို လေလံစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာလေလံတန်ဖိုးငွေ ကျပ် ၁၂၃ သိန်းကျော် ရရှိခဲ့ပါသည်။ လေလံစနစ်ဖြင့် ဆောင်ရွက်ခဲ့စဉ်ကကင်မွန်းစခန်းအဝင်ဝတွင် မောင်းတံတား၍ ဆိုင်ကယ် ၁ စီးငွေ ၂၅၀ ကျပ်၊ ကား ၁ စီးငွေ ၆၀၀ ကျပ်၊ ယာဉ်ရပ်နားခ ၁ ညလျှင် ကား ၁ စီးငွေ ၁၀၀၀ ကျပ် ကောက်ခံခဲ့ပါသည်။ ယခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ် ပွဲတော်ရာသီတွင်လေလံချထားခြင်း မပြုတောဘဲ ဂေါပကအဖွဲ့၏ကြီးကြပ်မှုဖြင့် ကားဝင်းအတွင်း၌ ယာဉ်ဝင်ခွင့်ကောက်ခံ ခြင်းကိုသာ ဆောင်ရွက်ခဲ့ပါသည်။ မောင်းတံဂိတ် ဖြုတ်သိမ်းလိုက်သဖြင့် ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းသွားခြင်းကြောင့် ဘုရားဖူးခရီးသည်များစိတ်ချမ်းသာမှုရရှိကြောင်းသိရှိရပါသည်။

          (ခ)   ၂၀၁၅-၂၀၁၆ ခုနှစ် ပွဲတော်ကာလတွင် ရွှေဆိုင်း ၅ ရွက်ပါ ၁ ဆိုင်းလျှင် ငွေ ၁၈၀၀ ကျပ်နှုန်းဖြင့် ရွှေဆိုင်းအရောင်းလုပ်ငန်းအားကန်ထရိုက်စနစ် ကျင့်သုံးခဲ့ရာလေလံကြေးငွေ ကျပ် ၆၃၈ သိန်းကျော် ရရှိခဲ့ပါသည်။ ယခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ် ပွဲတော်ကာလတွင် ဂေါပကအဖွဲ့၏ကြီးကြပ်မှုဖြင့် ရွှေဆိုင်း ၅ ရွက်ပါ ၁ ဆိုင်းလျှင် ငွေ ၁၅၀၀ ကျပ်နှုန်း ရောင်းချခဲ့ရာ ၁၆-၁၀-၂၀၁၆ ရက်နေ့မှ ၃၁-၁၀-၂၀၁၆ ရက်နေ့အထိ(၁၆ ရက်ကာလအတွင်း) အမြတ်ငွေ ကျပ် ၆၂၉ သိန်းကျော် ရရှိခဲ့ပါသည်။

          (ဂ)   ၂၀၁၅-၂၀၁၆ ခုနှစ် ပွဲတော်ကာလတွင် ဆည်းလည်းအရောင်းလုပ်ငန်းအား ကန်ထရိုက် စနစ်ဖြင့်ကျင့်သုံးခဲ့ရာ ​လေလံကြေးငွေကျပ် ၁၆၇ သိန်းကျော် ရရှိခဲ့ပါသည်။ ကန်ထရိုက် စနစ်ဖြင့် ဆည်းလည်းများကိုရောင်းချရာတွင် ပုံသေဈေးနှုန်းမရှိခြင်းကြောင့် ဈေးနှုန်း ကြီးမြင့်ပြီး ဘုရားဖူးများအနေဖြင့် နစ်နာမှုများကြုံတွေ့ခဲ့ရပါသည်။ ယခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ် ပွဲတော်ကာတွင် ဂေါပကအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆည်းလည်းအမျိုးအစား ၄ မျိုး ခွဲခြားလျက် ၂၀ ကျပ်သား ၁ လုံးလျှင် ငွေ၅၅၀၀ ကျပ်၊ ၁၅ ကျပ်သား ၁ လုံးလျှင် ငွေ ၄၅၀၀ ကျပ်၊ ၁၀ ကျပ်သား ၁ လုံးလျှင်ငွေ ၃၀၀၀ ကျပ်၊ ၅ ကျပ်သား ၁ လုံးလျှင် ငွေ ၁၅၀၀ ကျပ် နှုန်းဖြင့် ရောင်းချခဲ့ရာ ၁ လအတွင်းအမြတ်ငွေကျပ် ၂၁ သိန်းကျော် ရရှိခဲ့ပါသည်။

          (ဃ)   ကျိုက်ထီးရိုးတောင်ပေါ်သို့တက်သည့် CABLE Car Project လုပ်ငန်းကို ၁-၃-၂၀၁၆ ရက်နေ့မှစတင်၍ SKYASIA COMPANY LIMITED က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြေထိန်းနံရံတည်ဆောက်ခြင်း ၉၅ ရာခိုင်နှုန်း၊ ကွန်ကရစ်လောင်းခြင်း ၇၅ ရာခိုင်နှုန်းပြီးစီးလျက်ရှိပြီးတာဝါတိုင် ၂၊ ၃၊ ၄ တို့၏ ဖောင်ဒေးရှင်းများကို ကွန်ကရစ် လောင်းခြင်းများဆောင်ရွက်လျက်ရှိပါသည်။

          (င)   ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်တွင် ရွှေသင်္ကန်းကပ်လှူရန်၊ ရွှေစင်ရွှေပြားကပ်လှူရန်၊ ဘက်စုံမွမ်းမံရန်၊ လျှပ်စစ်မီးပူဇော်ရန်၊ ရေသွယ်တန်းရန်၊ ဝေယျာဝစ္စသုံးရန် စသည်ဖြင့် အလှူခံပုံး ၂၈ ပုံးထားရှိပြီး ၉-၁၁-၂၀၁၆ ရက်နေ့အထိ စနစ်တကျဖွင့်ဖောက်စစ်ဆေးခဲ့ရာ အလှူငွေကျပ် ၄၂၂သိန်းကျော်၊ နိုင်ငံခြားငွေ၁၁၃၅ ဒေါ်လာနှင့် ထိုင်းဘတ် ၄၄၁၄၀ ရရှိခဲ့ပါသည်။ ယခင် ၂၀၁၅-၂၀၁၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့မှ ၉-၁၁-၂၀၁၅ ရက်နေ့အထိအလှူခံပုံးများမှ အလှူခံရငွေကျပ် ၂၉သိန်းကျော်ဖြစ်ပြီး ၁ နှစ်လုံးအတွက် အလှူခံပုံးများမှ အလှူခံရငွေကျပ် ၄၀၈ သိန်းကျော်ဖြစ်ပါသည်။ ယခုနှစ် ၂၅ ရက်စာ အလှူခံရရှိငွေသည်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ၁ နှစ်စာအလှူခံရရှိငွေထက် ကျပ် ၁၃ သိန်းကျော် ပိုမိုရရှိခဲ့ပါသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့၏ ညှိနှိုင်းမှုဖြင့် ကန်ထရိုက်ပေးထားသည့် အလှူခံဌာနများဖျက်သိမ်းခြင်း၊ အလှူငွေများအား ရင်ပြင်တော်ရှိ ဘက်စုံအလှူခံဌာနနှင့် အလှူခံပုံးများတွင်သာ ထည့်ဝင် လှူဒါန်းရန်နိုးဆော်စာများနှင့် ဆိုင်းဘုတ်များကပ်ခြင်း၊ စေတီတော်ကြီးနှင့်မသက်ဆိုင်သည့် အလှူခံပုံး ၃၁ ခုတို့ကိုဖျက်သိမ်းခဲ့ခြင်းစသည့်ပြုပြင်ပြောင်းလဲမှုများကြောင့် အလှူငွေများ ပိုမိုရရှိခြင်းဖြစ်ပါသည်။

၂။        ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့သည် ဘုရားဖူး ရဟန်းရှင်လူ အများပြည်သူ၏ ဆက်သွယ်ပြောကြားမှုများကို အလေးအနက်ထား၍ လိုအပ်ချက်နှင့်အညီ ပြုပြင်မှုများ ဆောင်ရွက်လျက် ရှိပါသည်။

၃။        ထို့အပြင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့သည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့တို့၏လမ်းညွှန်ချက်ကို ခံယူလျက်ရှိပြီး ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးနိုင်ရေး၊ သက်တောင့်သက်သာဖြစ်စေရေး၊ အဆင်ပြေချောမွေ့စေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။