Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 21, Monday - November 2016
လူမှုကွန်ယက်အင်တာနက်စာမျက်နှာ Myanmar Muslim Media က ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရှိ ဗလီ ၃ လုံး ဝတ်ပြုခွင့်ပိတ်ပင်သည်ဟု ဖော်ပြထားသည့်ကိစ္စ

၁။ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရှိ ဒုံဇရစ်၊ သောင်လယ်၊ ခြေတော်ရာကျေးရွာများမှ ဗလီ ၃ လုံးသည် လွန်ခဲ့သည့်နှစ် ၆၀ ကတည်းက တည်ရှိခဲ့ပြီး အစိုးရအဆက်ဆက် လက်ထက်တွင် ဝတ်ပြုခွင့်ပေးထားခဲ့ရာမှ ယခုအခါ ပထမဆုံးအကြိမ် ဝတ်ပြုခွင့်ပိတ်ပင်ခံရကြောင်း၊ ၁၉၅၅ ခုနှစ်တွင် ဒုံဇရစ်၊ ခြေတော်ရာကျေးရွာများရှိ ဗလီ ၂ လုံးကို တည်ဆောက်ခဲ့ကြောင်းနှင့် သောင်လယ်ကျေးရွာ ဗလီမှာ မြစ်ရေတိုက်စားမှုကြောင့် လွန်ခဲ့သည့် နှစ် ၄၀ ကျော်က လက်ရှိနေရာတွင် တည်ဆောက်ခဲ့ကြောင်း ဒေသခံတစ်ဦး၏ပြောကြားချက်ကို ၅-၁၁-၂၀၁၆ ရက်နေ့တွင် လူမှုကွန်ယက်အင်တာနက်စာမျက်နှာ Myanmar Muslim Media  ၌ ရေးသားဖော်ပြထားပါသည်။

၂။ ထို့အပြင် အဆိုပါကျေးရွာများရှိ ဗလီ ၃ လုံးကို ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူးက နှုတ်မိန့်ဖြင့် ပိတ်ခိုင်းခဲ့ရာ ဒုံဇရစ်ကျေးရွာအုပ်ချုပ်ရေးမှူးက နှုတ်ဖြင့် ပိတ်ခိုင်းခြင်း၊ သောင်လယ်ကျေးရွာမှ အစ္စလာမ်ဘာသာဝင် ၃ ဦးအား ခြိမ်းခြောက်၍ တရာဝင်ဗလီမဟုတ်ကြောင်း လက်မှတ်ရေးထိုးစေခြင်း၊ ခြေတော်ရာကျေးရွာအုပ်ချုပ်ရေးမှူးက စာဖြင့် ပိတ်ခိုင်းခြင်းတို့ကို ဒေသခံများ၏ပြောဆိုချက်များအား ကိုးကား၍ အဆိုပါမီဒီယာက မဟုတ်မမှန်ရေးသားဖော်ပြခဲ့ပါသည်။

၃။ အထက်ဖော်ပြပါသတင်းများအား စိစစ်ရာတွင် ရွှေကျင်မြို့နယ်၌ အစ္စလာမ်ဗလီ ၂ လုံးရှိ၍ ယခုချိန်ထိ အေးချမ်းစွာ ဝတ်ပြုကိုးကွယ်လျက်ရှိပါသည်။ သောင်လယ်ကျေးရွာ၊ ခြေတော်ရာကျေးရွာ (ရှမ်းရွာ)နှင့် ဒုံဇရစ်ကျေးရွာတို့ရှိ ဗလီများမှာ ကျေးရွာများအတွင်းရှိ လူနေအိမ်ခြေများအတွင်း တည်ရှိခြင်း၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ဆောက်သည် ဆိုသည်မှာ မဟုတ်မမှန်ပဲ ဒေသခံ ဘာသာဝင်များက နားလည်မှုဖြင့် ဆောက်လုပ်ဝတ်ပြုနေသည့် ဗလီများဖြစ်ပါသည်။

၄။ ၁-၁၁-၂၀၁၆ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဗလီအဖြစ် အသိအမှတ်ပြုထားခြင်း မရှိသေးသော အဆောက်အဦများတွင် ဝတ်ပြုခွင့်မပြုရန်နှင့် တရားဝင် ခွင့်ပြုချက်ရနိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြစေရန် ဆွေးနွေးညှိနှိုင်းခဲ့ပြီး အဆိုပါဆွေးနွေးချက်အရ ရွှေကျင်မြို့နယ်အတွင်းရှိ သောင်လယ်ကျေးရွာ၊ ခြေတော်ရာကျေးရွာ (ရှမ်းရွာ)နှင့် ဒုံဇရစ်ကျေးရွာတို့ရှိ ဗလီဝတ်ပြုဆောင် ၃ လုံးတို့အား ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က နှုတ်မိန့်ဖြင့် ပိတ်သိမ်းစေခဲ့ပြီး ဝတ်ပြုခြင်းမပြုရန် တားမြစ်ခဲ့ပါသည်။

၅။ အဆိုပါဗလီ ၃ လုံးနှင့်ပတ်သက်၍ သတင်းအမှန်ဖြစ်စေရေးနှင့် နယ်မြေအေးချမ်းရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က နယ်မြေကွင်းဆင်း၍ စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။