Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 07, Wednesday - December 2016
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘက်စုံအလှူတော်ငွေများ တိုးတက်ရရှိ

၁။      ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့သစ်အနေဖြင့်  ရင်ပြင်တော်ပေါ်တွင် ဘက်စုံ အလှူခံဌာနဖွင့်လှစ်ပြီး ကျောက်လုံးတော်ကြီး ရွှေသင်္ကန်းကပ်လှူရန်၊ ရွှေစင်ရွှေပြားကပ်လှူရန်၊ ဘက်စုံ မွန်းမံရန်၊ လျှပ်စစ်မီးပူဇော်ရန်၊ ရေသွယ်တန်းရန်၊ ကျောက်ပြားခင်းရန်၊ ဝေယျာဝစ္စသုံးရန် စသည့် ခေါင်းစဉ် များဖြင့် ပြေစာဖြတ်ပိုင်းများပေး၍ နေ့စဉ်အလှူခံလျက်ရှိပြီး အလှူတော်ငွေကျပ်(၁)သိန်းနှင့်အထက် လှူဒါန်းသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျိုက်ထီးရိုးဘုရားပုံတူများကို ဂေါပကအဖွဲ့မှ ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်လျက်ရှိပါသည်။

၂။      ယခင်နှစ် တောင်ဖွင့်ပွဲနေ့မှ ၃၀-၁၁-၂၀၁၅ ရက်နေ့ထိ ခေါင်းစဉ်များအလိုက် ဘက်စုံအလှူငွေ ရရှိမှုနှင့် ယခုနှစ် တောင်ဖွင့်ပွဲနေ့ ၁၆-၁၀-၂၀၁၆ မှ ၃၀-၁၁-၂၀၁၆ ရက်နေ့ထိ ရက်ပေါင်း (၄၆)ရက်အတွင်း ဘက်စုံအလှူငွေတိုးတက်ရရှိမှု နှိုင်းယှဉ်ချက် အခြေအနေအား အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

အကြောင်းအရာ

၂၀၁၅-၂၀၁၆ အလှူရငွေ

၂၀၁၆-၂၀၁၇ အလှူရငွေ

(က)

 

(ခ)

(ဂ)

(ဃ)

(င)

(စ)

(ဆ)

(ဇ)

ကျောက်လုံးတော်ကြီးရွှေသင်္ကန်းကပ်လှူရန် အလှူရငွေ

ရွှေစင်ရွှေပြားကပ်လှူရန်အလှူရငွေ

ဘက်စုံမွန်းမံရန်အလှူရငွေ

လျှပ်စစ်မီးပူဇော်ရန်အလှူရငွေ

ရေသွယ်တန်းရင်အလှူရငွေ

ကျောက်ပြားခင်းရန်အလှူရငွေ

ဝေယျာဝစ္စသုံးရန်အလှူရငွေ

နဝကမ္မအလှူရငွေ

၃၁၁၂၂၂၉၀

 

၂၉၇၂၅၅၇၀

၄၉၇၃၄၃၀၀

၁၈၇၀၈၀၀

၃၀၂၆၈၀၀

၂၃၆၆၉၀၀

၂၉၀၃၃၂၅၀

၅၀၀၀၀၀

၆၄၁၁၈၆၀၀

 

၅၇၄၄၇၂၀၀

၁၂၀၇၇၄၂၀၅

၁၁၁၇၉၂၅၀

၄၉၂၇၀၅၀

၈၈၃၅၀၀

၇၃၆၂၃၀၂၀

-

စုစုပေါင်း

၁၄၇၃၇၉၉၁၀

၃၃၂၉၅၂၈၂၅

၃။      ထို့အပြင် ယခုနှစ်တောင်ဖွင့်ပွဲနေ့ ၁၆-၁၀-၂၀၁၆ မှ ၃၀-၁၁-၂၀၁၆ ရက်နေ့အထိ ရွှေဆိုင်းရောင်းချမှု အမြတ်ငွေမှာ ငွေကျပ်သိန်း ၁၅၅,၃၀၈,၆၂၅ ဖြစ်ပါကြောင်း အများပြည်သူသိရှိစေရန် ဖော်ပြအပ်ပါသည်။