Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 12, Monday - December 2016
ထေရဝါဒ သာသနာတော်၏ အဓမ္မဝါဒဖြစ်သော ပစ္စုပ္ပန်ကမ္မဝါဒ(မိုးပြာဂိုဏ်း)မှ မြန်မာ့အလင်းသတင်းစာတွင် ကန့်ကွက်နိုင်ကြောင်း ကြေညာချက်အပေါ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကန့်ကွက်ကြောင်းနှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်

၁။      မြန်မာ့အလင်းသတင်းစာ၏ ၃-၁၂-၂၀၁၆ ရက်(စနေနေ့) ထုတ် ကြော်ငြာကဏ္ဍတွင် ထေရဝါဒ သာသနာတော်၏ အဓမ္မဝါဒဖြစ်သော ပစ္စုပ္ပန်ကမ္မဝါဒ(မိုးပြာဂိုဏ်း)မှ သာဝကများကိုယ်စား ဦးနေဝင်းက ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာစာအုပ်များ၊ စီဒီခွေများနှင့် တရားဓမ္မများ ဟောကြားဆွေးနွေးခြင်းများကို ယခုအခါ ပြန်လည် ထုတ်ဝေဖြန့်ချိမည်ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများရှိပါက ၇ ရက်အတွင်း ကန့်ကွက် နိုင်ပါကြောင်း အများသိစေရန် အသိပေးကြေညာခဲ့ပါသည်။

၂။      စစ်ကိုင်းတိုင်း၊ မင်းကွန်း ရွှေမြင်တင်တောင်တွင် နေထိုင်ခဲ့သည့် ဦးဉာဏသည် ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါယ ရဟန္တာ ဖြစ်ကြောင်း ကြွားဝါ၍ အဓမ္မဝါဒများ ဟောကြားခဲ့သဖြင့် ၁၉၈၃ ခုနှစ်တွင် စစ်ကိုင်းတိုင်းသာသနာရေးမှူး ဦးစိုးမြင့်က တရားလိုပြုလုပ်၍ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၉/၁၁ ဖြင့် တရားစွဲဆိုခဲ့ရာ ထောင် ဒဏ် ၃ နှစ် ချမှတ် အရေးယူခံခဲ့ရသူ တစ်ဦးဖြစ်ပါသည်။

၃။      ၎င်းအပြင် ဦးဉာဏသည် ၁၉၉၁ ခုနှစ်တွင် ပစ္စုပ္ပန်ကမ္မဝါဒ(မိုးပြာဂိုဏ်း)ထူထောင်မှုကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် စွဲချက်ဖြင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံ၍ ချမှတ်ခြင်းခံခဲ့ရပါသည်။ ထို့အပြင် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာအမည်ခံလျက် မိုးပြာဂိုဏ်းကို စွန့်လွှတ် ခြင်း မရှိဘဲ ဆက်လက်၍ ဝါဒဖြန့်နေမှုကြောင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅၊ ၂၉၅-က၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေပုဒ်မ ၁၀၊ သံဃာ့ အဖွဲ့အစည်းဆိုင်ရာဥပဒေ ပုဒ်မ ၁၂၊ ၁၃၊ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၆ တို့အရ ထောင်ဒဏ် ၂၀ နှစ် ချမှတ်အရေးယူခြင်းခံခဲ့ရသူတစ်ဦး ဖြစ်ပါသည်။

၄။      ထေရဝါဒဆိုသည်မှာ ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာအထိ သင်္ဂါယနာ ခြောက်တန်တင်ထား သော ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋီကာ အစရှိသော ဗုဒ္ဓဟောကြားတော်မူခဲ့သည်များကို မပြောင်းလဲစေဘဲ သန့်ရှင်းစွာ တည်တံ့စေရန် ထိန်းသိမ်းထားသည့် ပိဋကတ်တော်များအတိုင်း တသွေမတိမ်း လိုက်နာ ကျင့်ကြံရသော အယူဝါဒဖြစ်ပါသည်။

၅။      သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးသည် ပစ္စုပ္ပန်ကမ္မဝါဒ(မိုးပြာဂိုဏ်း)၏ သာဝကများကိုယ်စား ဦးနေဝင်းအား တိုင်း ဒေသကြီးသာသနာရေးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံ၍ အဆိုပါကြေညာချက်သည် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ် (၉၅) အပိုဒ် ၂(ခ)၊ အပိုဒ်ခွဲငယ်(၂)ဖြင့် ငြိစွန်းနေသောကြောင့် ပြန်လည် ရုပ်သိမ်းရန်၊ စာအုပ်၊ စီဒီခွေများ ထုတ်ဝေဖြန့်ချိခြင်း မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး အကြောင်းကြားစာအား       ၆-၁၂-၂၀၁၆ ရက်နေ့၊ ၁၀ ၃၀ ချိန်တွင် ဦးနေဝင်းထံ ပေးအပ်ခဲ့ရာ ယင်းက လက်မှတ်ရေးထိုး လက်ခံ ရယူခဲ့ပါသည်။

၆။      အဆိုပါ ကြေညာချက်အပေါ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံးနှင့် မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံးတို့က         ၈-၁၂-၂၀၁၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာနှင့် ရတနာပုံသတင်းစာများတွင် “ဦးနေဝင်းနှင့်အများသိစေရန် ကန့်ကွက်ကြေညာချက်”များကို အတိအလင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

၇။      အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပစ္စုပ္ပန်ကမ္မဝါဒ(မိုးပြာဂိုဏ်း)နှင့်ဆက်စပ်သည့် စာအုပ်များ၊ စီဒီခွေများနှင့် တရားဓမ္မဟောကြားဆွေးနွေးချက်များအား  ထုတ်ဝေဖြန့်ချိမှု တစ်စုံတစ်ရာပြုလုပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။