Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 26, Monday - December 2016
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးအား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်သည့် မဟာဂုဏဝိသိဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

          နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးအား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်သည့် မဟာဂုဏဝိသိဌပူဇာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဘွဲ့နှင်းဓမ္မာရုံတော်ကြီး၌ ကျင်းပသည်။

အခမ်းအနားကို ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြပါသည်။

            ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာရေးဆိုင်ရာများ လျှောက်ထားပါသည်။

ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဣဒ္ဓိဗလက မဟာမင်္ဂလာအခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခြင်း၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဌဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ရခြင်းနှင့်စပ်လျဉ်း၍ အလှူရှင် ကမ္ဘာ့ ငြိမ်းချမ်းရေးဆုရှင်၊ ကမ္ဘာ့ဗုဒ္ဓဘာသာခေါင်းဆောင်ဆုရ၊ Ph.D (Economics) ဂုဏ်ထူးဆောင်ဘွဲ့ရ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းဗဟို ဥက္ကဌ၊ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ ဇေကမ္ဘာကုမ္ပဏီလီမိတက်က ဝမ်းမြောက်စကား လျှောက်ထားခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နိဗဒ္ဓပဒေသာပင် ကုသိုလ်တော်အဖြစ် အလှူတော်ငွေများ ပေးအပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ကြပါသည်။

ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော်ကြီး အမှူးရှိသော သံဃာတော် အရှင်သူမြတ် (၁၀၈)ပါးတို့အား မဟာနာယက ဆွမ်းစားကျောင်းဆောင်တော်ကြီးတွင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။