၁။ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် တပ်ဆင်အသုံးပြုနေသော ဓာတ်လှေကား ၄ စီးအနက် OTIS အမျိုးအစား ဓာတ်လှေကား ၂ စီးမှာ ၁၉၉၆ ခုနှစ်မှ စတင်တပ်ဆင်အသုံးပြုခြင်းဖြစ်ပြီး သက်တမ်းကာလ နှစ် ၂၀ ကျော် ကြာမြင့်ပြီဖြစ်သဖြင့် ဘုရားဖူးပြည်သူများ၏ အသက်ဘေးအန္တရာယ် လုံခြုံရေးအတွက် အသစ်လဲလှယ်တပ်ဆင်ရန် လိုအပ်လျက်ရှိပါသည်။
၂။ အဆိုပါ ဓာတ်လှေကား ၂ စီးအား ၁-၂-၂၀၁၇ ရက်နေ့မှ ၁၀-၂-၂၀၁၇ ရက်နေ့အတွင်း ဖြုတ်သိမ်းပြီး ၁၁-၂-၂၀၁၇ ရက်နေ့မှ ၁၀-၃-၂၀၁၇ ရက်နေ့အတွင်း ဓာတ်လှေကားအသစ် ၂ စီး အစားထိုးပြန်လည် တပ်ဆင်သွားမည်ဖြစ်ပါသည်။
၃။ ဓာတ်လှေကားအသစ် ၂ စီး ဖြုတ်သိမ်းခြင်း၊ အသစ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ ချိန်တွင် ကျန်ဓာတ်လှေကား ၂ စီးဖြင့် မောင်းနှင်အသုံးပြုသွားမည်ဖြစ်ပြီး ဓာတ်လှေကားဟောင်း ၂ စီးအား လေလံတင်ရောင်းချရန် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ကြီးကြပ်ဆောင်ရွက်မည် ဖြစ်ပါသည်။
၄။ ဓာတ်လှေကားအသစ် ၂ စီး ဖြုတ်သိမ်းခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများအတွက် Mitsubishi Coporation ၊ Mitsubishi Electric Coporation တို့မှ လှူဒါန်းပေးမည်ဖြစ်ပါကြောင်းနှင့် အဆိုပါ ဓာတ်လှေကား ၂ စီး လဲလှယ်တပ်ဆင်နေစဉ်ကာလအတွင်း အခက်အခဲတစ်စုံတစ်ရာများ ကြုံတွေ့ရပါက သည်းခံနားလည်ပေးနိုင်ပါရန် ဘုရားဖူးဧည့်ပရိသတ်များအား မေတ္တာရပ်ခံအသိပေး ဖော်ပြအပ်ပါသည်။