Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 13, Monday - February 2017
ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ဦးစီးသည့် တပည့်ဒါယကာ၊ ဒါယိကာမများက ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များရှိ စာသင်တိုက်(၆၆) တိုက်တွင် ဝါဆိုဝါကပ်တော်မူကြသော စာချ၊ စာသင် သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်များအား စတုတ္ထအကြိမ် သောတာပန်ဆီလှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်

          နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပန်းခင်းလမ်း၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ မဟာဂန္ထဝါစက ပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ၊ ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ဦးစီးသော တပည့်ဒါယကာ၊ ဒါယိကာမများက ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များရှိ စာသင်တိုက်(၆၆) တိုက်တွင် ဝါဆို၊ ဝါကပ်တော်မူကြသည့် စာချ၊ စာသင် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား စတုတ္ထအကြိမ် သောတာပန်ဆီလှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

          အစီအစဉ်အရ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး စာချ၊ စာသင်သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်များထံသို့ ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ဦးစီးသည့် တပည့်ဒါယကာ၊ ဒါယိကာမများက တန်ဖိုးငွေကျပ်(၁၂၈၄၅၀၀၀) ရှိ သောတာပန်ဆီ (၃၆၇၀) ပိဿာ လှူဒါန်းကြသည်။

         လှူဒါန်းပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

          ယင်းနောက် နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တအာစိဏ္ဏမဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေး​ဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းပြီး ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များက ပင့်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။