Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 17, Friday - February 2017
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့သစ်၏ ၄ လအတွင်း လုပ်ငန်းတိုးတက်မှုအခြေအနေအရပ်ရပ်အား ရှင်းလင်းဖော်ပြချက်

၁။      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့သစ်၏ ၂၀၁၆-၂၀၁၇ ဘုရားဖူးရာသီ စတင်ဖွင့်လှစ်ခဲ့သော ၁၆-၁၀-၂၀၁၆ ရက်နေ့မှ ၁၅-၂-၂၀၁၇ ရက်နေ့ အထိ ၄ လအတွင်း အလှူငွေရရှိမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

အကြောင်းအရာ

ယခင်နှစ် ၄ လ

အလှူရငွေ(ကျပ်)

ယခုနှစ် ၄ လ

အလှူရငွေ(ကျပ်)

တိုးတက်ရရှိသော အလှူရငွေ(ကျပ်)

(က)

တောင်တက်ကားလမ်း ပြုပြင်ရန် အလှူခံရရှိငွေ

၄၇၀၁,၀၈၄၃၇

၈၆၃၈,၆၈၇၃၃

 

၃၉၃၇,၆၀၂၉၆

(ခ)

ရွှေဆိုင်း ရောင်းချမှု ရရှိသည့် အလှူငွေ

၂၁,၂၇၁၃၉

 

၄၀၃၄,၄၀၀၀၀

 

၄၀၁၃,၁၂၈၆၁

(ဂ)

အလှူခံပုံးဖြင့်အလှူခံရရှိငွေ

၁၇၀,၆၇၉၀၀

၂၇၈၄,၆၂၅၀၀

၂၆၁၃,၉၄၆၀၀

စုစုပေါင်း

၄၈၉၃,၀၃၄၇၆

၁၅၄၅၇,၇၁၂၃၃

၁၀၅၆၄,၆၇၇၅၇

၂။      ထို့အပြင် ဂေါပကအဖွဲ့ဟောင်းမှ ၂၆-၆-၂၀၁၆ ရက်နေ့တွင် လွှဲပြောင်းဘဏ္ဍာငွေ ၁၆၁၁၃,၀၄၆၂၆ ကျပ်၊ ၄ လအတွင်း ရရှိသော အလှူငွေ ၂၁၅၆၂,၇၀၇၃၂ ကျပ်၊ စုစုပေါင်းဘဏ္ဍာငွေ ၃၇၆၇၅,၇၅၃၅၈ ကျပ်အထိ တိုးတက်ခဲ့ပြီး နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၆၈၁၂ နှင့် ထိုင်းဘတ် ၂၇၈၉၁၈ တို့ ရရှိခဲ့ ပါသည်။

၃။      စေတီတော်ရင်ပြင်တော်ရှိ အခမဲ့ ဓမ္မာရုံ ၆ ခုတွင် ဘုရားဖူး ၁၅၀၀ ဦး နေ့စဉ်တည်းခိုနိုင်ရန် စီစဉ်ပေးခြင်း၊ အခပေးဓမ္မာရုံနှင့် တည်းခိုဆောင် ၈ ခုတွင် ဝန်ဆောင်မှုအလှူငွေအဖြစ် ၁ ဦးလျှင် ဟိုတယ်အဆင့်အခန်း၌ ၁၅၀၀၀ ကျပ်၊ အဆင့်မြင့်အခန်း၌ ၁၀၀၀၀ ကျပ်၊ သာမန်အဆင့်အခန်း၌ ၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားသောက်ဆိုင်များ၌ ၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း သတ်မှတ်၍ ဘုရားဖူးများ သက်သာသော စျေးနှုန်းဖြင့် တည်းခိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

၄။      ၎င်းအပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက် ဖြစ်သော ချယ်ရီပန်းပင် ၄၅၀ အား ၂၅-၂-၂၀၁၇ ရက်နေ့တွင် တောင်တော်ပေါ်၌ စိုက်ပျိုးရန် စီမံဆောင်ရွက် လျက်ရှိပြီး ထပ်မံစိုက်ပျိုးမှုအား ဇွန်လတွင် ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။

၅။      ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်၌ သာမဏသာရုပ္ပမဖြစ်သော အလှူခံပုဂ္ဂိုလ် ရဟန်း ၂၁ ပါး၊ သာမဏေ ၃၂ ပါး၊ ရသေ့ ၂ ပါး၊ သီလရှင် ၂ ပါး၊ ဖိုးသူတော် ၁ ပါးတို့အား ကျိုက်ထိုမြို့နယ်၊ ဂိုဏ်းပေါင်းစုံ သံဃာ့သန့်ရှင်းရေးအဖွဲ့ဆရာတော်များက ဝိနည်းတရားတော်နှင့်အညီ ဆုံးမသြဝါဒပေး၍ ၁၄-၂-၂၀၁၇ ရက်နေ့တွင် အရေးယူဆောင်ရွက်ခဲ့ပါသည်။

၆။      ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကစည်းမျဉ်းအား အတည်ပြုနိုင်ရန် သက်ဆိုင်ရာတရားရုံးတွင် တရားမကျင့်ထုံး ဥပဒေပုဒ်မ ၉၂(၁)(ဇ)အရ တရားစွဲဆိုရန် ခွင့်ပြုမိန့်ထုတ်ဆင့်ပေးနိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့လည်း တင်ပြထားပြီးဖြစ်ပါသည်။

၇။      ဂေါပကအဖွဲ့သစ်အနေဖြင့် ခေတ်အဆက်ဆက်က လေလံချထားသည့် အလှူခံဌာနများကို ဖျက်သိမ်းခြင်း၊ ရွှေဆိုင်းများအား သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချစေခြင်း၊ တည်းခိုစရိတ်နှင့် စားသောက်စရိတ်များ သက်သာသည့်နှုန်းထားဖြစ်အောင် ပြောင်းလဲဆောင်ရွက်ခြင်းတို့ကြောင့် ပြည်တွင်း/ ပြည်ပဘုရားဖူးများသည် စိတ်ချမ်းသာမှု ရရှိလာသဖြင့် သဒ္ဒါတရားပြည့်ဝစွာ လှူဒါန်းလာကြ၍ ဘက်စုံ အလှူငွေများ တိုးတက်ရရှိလာခြင်းဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်လင်းဖော်ပြအပ်ပါသည်။