Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 24, Friday - February 2017
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ရှင်းလင်းဖော်ပြခြင်း

၁။      ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ကမ္ဘာထိတိုင်အောင် ထင်ရှားကျော်ကြားသော မြန်မာနိုင်ငံ၏ အထွဋ်ကျက်သရေဆောင် စေတီတော်မြတ်ကြီးဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဂေါပကအဖွဲ့သည် ဩဝါဒစရိယဆရာတော်ကြီးများ၏ဩဝါဒ၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြပ်မတ်မှုကို ခံယူ၍ ဂေါပကအဖွဲ့စည်းမျဉ်းများနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိပါသည်။

၂။      ရွှေတိဂုံစေတီတော်ကြီး စောင်းတန်း လေးသွယ်ရှိ ဈေးဆိုင်ခန်းများကို စနစ်တကျဖြစ်စေရန် ကြပ်မတ်ဆောင်ရွက်ခြင်း၊ အဖျက်အမှောင့်လုပ်ငန်းများ၊ မီးဘေးအန္တရာယ် မကျရောက်စေရန် လုံခြုံရေး နှင့် မီးဘေးကာကွယ်ရေးကို နေ့ညမပျက်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

၃။        ရွှေတိဂုံစေတီတော်မြတ်ကြီး၏ကုန်းတော်ကြံ့ခိုင်ရေးကို အထောက်အကူပြုစေရန် ပညာရှင်များက Echo Sounder ကိရိယာများ၊ Geocomp Co.,မှ 3D Scan Survey များဖြင့် ရင်ပြင်တော်ပေါ်ရှိ သာသနိကအဆောက်အဦများကို တိုင်းတာမှတ်တမ်းတင် ဆောင်ရွက်ခဲ့သည့်အပြင် သဘာဝဘေးဒဏ် များကြောင့် ပျက်စီးမှုများဖြစ်ပေါ်မည်ဆိုပါက မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်နိုင်ရန် စီမံချက်ရေးဆွဲ ဆောင်ရွက်ထားပြီးဖြစ်ပါသည်။

၄။      ကုန်းတော်ကြီးမှ စီးဆင်းလာသည့် စွန့်ပစ်ရေများအား စနစ်တကျစီးဆင်းနိုင်စေရန် ပြည်တွင်း ပညာရှင်များနှင့်ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အပြင် ကုန်းတော်ကြံ့ခိုင်ရေးလုပ်ငန်းများကို IN Development Group မှ နိုင်ငံခြားသား ပညာရှင်များနှင့်လည်း ၂၇-၂-၂၀၁၇ ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။

၅။      ရွှေတိဂုံစေတီတော်မြတ်ကြီးအား အဝေးမှ ဖူးမြော်သည့်အခါ မြင်ကွင်းပသာဒ ပိတ်ဆို့မှုများ မရှိစေရေးအတွက် ကုန်းခြေအနီးနားတဝိုက်တွင် အထပ်မြင့်အဆောက်အဦများဆောက်လုပ်ခြင်းကို တားမြစ်ခြင်း၊ ခွင့်ပြုချက်များဖြင့် ဆောင်ရွက်ခြင်း မရှိစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

၆။        ရွှေတိဂုံစေတီတော်ကြီး လုံခြုံရေးအတွက် စောင်းတန်း လေးသွယ်နှင့်ဝင်ပေါက်များတွင် Walk Through များ ထားရှိခြင်း၊ Hand Detector များဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊ အဝေးထိန်းမောင်းသူမဲ့ လေယာဉ်ငယ် Drone ငယ်များကိုလည်း Anti Drone ဝယ်ယူထားပြီး ပစ်ချသိမ်းဆည်းဆောင်ရွက်ခြင်း၊ ရင်ပြင်တော်ပေါ်သို့ ဓါး၊ တုတ်၊ လက်နက်များ ယူဆောင်လာသူများနှင့်အကြမ်းဖက်သမားများဟု ယူဆရသူများကိုလည်း လုံခြုံရေးကင်မရာ CCTV များဖြင့် နေရာအနှံ့တပ်ဆင်၍ အချိန်ပြည့် စောင့်ကြည့်ခြင်း၊ မသင်္ကာဖွယ်တွေ့ရှိပါက မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတာဝန်ရှိသူများဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်လျက်ရှိပါသည်။

၇။      မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီမှုမရှိသော ဗုဒ္ဓအဂါရဝကို ဖြစ်စေသော ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်လာပါက စောင်းတန်းလေးသွယ်နှင့် ဝင်ပေါက်များတွင် တာဝန်ကျလုံခြုံရေးဝန်ထမ်းများမှ တားမြစ်ပြီး ဘုရားပေါ်သို့ တက်ရောက်နိုင်ရေးအတွက် လုံချည်၊ ထမီနှင့် ခြုံပုဝါများလဲလှယ်ပေးခြင်း၊ တားမြစ်ရန် ပျက်ကွက်သည့် တာဝန်ကျလုံခြုံရေးဝန်ထမ်းများကိုလည်း အရေးယူဆောင်ရွက်ခြင်းများကို ကြပ်မတ်စီမံလျက်ရှိပါသည်။

၈။        ရွှေတိဂုံစေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် သန့်စင်ခန်းများကို အဆင့်မြင့်ပြုပြင် မွမ်းမံတည်ဆောက်ခြင်း၊ သန့်စင်ခန်းများ သန့်ရှင်းရေးနှင့် အနံ့အသက်ကောင်းမွန်ရေးအောင် ဆောင်ရွက်ခြင်း၊ ရေမပြတ်စေရန်နှင့် လျှပ်စစ်မီး မပျက်တောက်စေရန် တာဝန်ကျဝန်ထမ်းများမှ စစ်ဆေးဆောင်ရွက်ခြင်း နှင့် ရင်ပြင်တော် သန့်ရှင်းရေးကိုလည်း အထူးအလေးထားဆောင်ရွက်လျက်ရှိပါသည်။

၉။        ထို့အပြင် ရင်ပြင်တော်နေပူခံ စကျင်ကျောက်ပြားခင်းခြင်းလုပ်ငန်းကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏လမ်းညွှန်ချက်ကို ခံယူ၍ ကော်မတီများဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း/ ပြည်ပဘုရားဖူး ဧည့်ပရိတ်သတ်များ စိတ်ချမ်းမြေ့စွာဖူးမြော်နိုင်ရေး၊ လုံခြုံမှု အပြည့်အဝ အာမခံချက် ရှိရေးတို့ကို ရည်ရွယ်၍ ဂေါပကအဖွဲ့မှ အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၁၀။      ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၃၀-၃-၂၀၁၆ ရက်နေ့အထိ ဘဏ္ဍာငွေလက်ကျန်ငွေစာရင်းမှာ ငွေကျပ် ၄၆၀၁၀၆,၅၃၁၁၅ .၈၄ ဖြစ်ပြီး အစိုးရသစ်တစ်နှစ်တာ ကာလအတွင်း ၁၉-၂-၂၀၁၇ ရက်နေ့အထိ ဘဏ္ဍာငွေလက်ကျန်ငွေစာရင်းမှာ ငွေကျပ် ၆၀၆၅၆၈,၈၅၄၁၀.၃၅ ဖြစ်သဖြင့် အလှူငွေတိုးတက်ရရှိမှုမှာ ငွေကျပ် ၁၄၆၄၆၂,၃၂၂၉၄.၅ ဖြစ်ကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။