Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 10, Friday - March 2017
ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းရန် ကြံစည်နေသော ဦးဉာဏနှင့်နောက်လိုက်များအား ဥပဒေနှင့်အညီ အရေးယူတရားစွဲဆိုနိုင်ရန်အတွက် ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း

၁။      သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဗုဒ္ဓသာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားစေရန်နှင့် ဂိုဏ်းပေါင်းစုံသံဃာတော်များညီညွတ်ရေး ထောက်ပံ့ကူညီဆောင်ရွက်ရန်ဟူသည့် ဝန်ကြီးဌာန၏ မူဝါဒနှင့် အညီ စစ်မှန်သည့်ထေရဝါဒ ဗုဒ္ဓတရားဓမ္မများ ထွန်းကားပြန့်ပွားရေး၊ ထေရဝါဒတရားတော်နှင့်ဆန့်ကျင်သည့် အဓမ္မဝါဒများ မပြန့်ပွားစေရေး စီမံဆောင်ရွက်လျက်ရှိပါသည်။

၂။      ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းရန် ကြံစည်နေသော ဦးဉာဏနှင့် နောက်လိုက် များအား အရေးယူတရားစွဲဆိုဆောင်ရွက်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အကူအညီ တောင်းခံလာပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတရုံးမှ ၁၂-၁-၂၀၁၇ ရက်နေ့တွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ ညွှန်ကြားထားရှိထားပြီးဖြစ်ပါသည်။

၃။        နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်နှင့်အညီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးသာသနာရေးမှူးရုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပစ္စုပ္ပန်ကမ္မဝါဒ(မိုးပြာဂိုဏ်း) ဆိုင်ရာ အဓမ္မဝါဒစာအုပ်များကို ပုံနှိပ်သော မူပိုင်စာပုံနှိပ်တိုက်ဖြစ်သည့် အေဇက်စာပေအိမ်ပိုင်ရှင် ဦးမြင့်ဝင်းမောင်ပါ အပေါင်းအပါများထံမှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးရုံး အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ၁၁×၈၆ လမ်းထောင့်၊ သစ်လွင် ကဖေးမှ ဦးနေဝင်းပါအပေါင်းအပါများထံမှလည်းကောင်း မိုးပြာဝါဒဆိုင်ရာ စာအုပ်စာတမ်းများ၊ တိတ်ခွေများ၊ စီဒီခွေများကို ရှာဖွေသိမ်းဆည်း၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၄။      အဆိုပါအဓမ္မဝါဒဆိုင်ရာ စာအုပ်စာတမ်းများ၊ တိတ်ခွေများ၊ စီဒီခွေများစသည့် ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့သို့ ဤဝန်ကြီးဌာမှ ညှိနှိုင်းခဲ့ရာ ခွင့်ပြုခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီး တရားရုံးများထံသို့ ဝရမ်းတောင်းခံခဲ့ရာ ဝရမ်းထုတ်ဆင့်ပေးခြင်းမရှိဘဲ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဝရမ်းထုတ်ပေးခွင့် အမိန့်ရရှိမှသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

၅။      ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်/ခရိုင်/ တိုင်းဒေသကြီးတရားရုံးများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝရမ်းထုတ်ဆင့်ပေးနိုင်ရေး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့သို့ ညွှန်ကြားပေးနိုင်ပါရန် ၂၃-၂-၂၀၁၇ ရက်နေ့တွင် ဤဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြလမ်းညွှန်မှုခံယူခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ ၂၄-၂-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပေါင်းစပ်ညှိနှိုင်းသွားရန် အကြောင်းကြားခဲ့ပါသည်။

၆။      ၂၄-၂-၂၀၁၇ ရက်နေ့တွင် ပြည်​ထောင်စုတရားသူကြီးချုပ်ရုံးမှ ရန်ကုန်တိုင်းဒေသကြီးတရား လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တို့သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနမှ သက်ဆိုင်ရာတရားရုံးများသို့ ဝရမ်းထုတ်ဆင့်ပေးရေး လျှောက်ထားလာပါက ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရန် လမ်းညွှန်ခဲ့ပါသည်။

၇။      ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တို့မှ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တရားရုံးများသို့ ထပ်ဆင့်ညွှန်ကြားထားခြင်းမရှိသဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ကြန့်ကြာလျက်ရှိပါသည်။

၈။      အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ညွှန်ကြားဆောင်ရွက် ပေးနိုင်ပါရန် ၆-၃-၂၀၁၇ ရက်နေ့တွင် တင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၈-၃-၂၀၁၇ ရက်နေ့တွင် မိုးပြာဂိုဏ်း ဦးဉာဏနှင့်ပတ်သက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်ကာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။

၉။      ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တို့မှ သက်ဆိုင်ရာခရိုင်/မြို့နယ်တရားရုံးများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝရန်းထုတ်ဆင့်ပေးနိုင်ရေး ညွှန်ကြားချက်အား အမြန်ချမှတ်ပေးရန် လိုအပ်လျက်ရှိပြီး အဆိုပါညွှန်ကြားချက်များရရှိပါက ပစ္စုပ္ပန် ကမ္မဝါဒဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းရန် ကြံစည်နေသော ဦးဉာဏနှင့် နောက်လိုက်များအား ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။