Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 06, Thursday - April 2017
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက Myanmar Now ဦးဆွေဝင်းထံ ပေးပို့ထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြန်ကြားချက်အပေါ် ဖြည့်စွက်ရှင်းလင်းခြင်း

၁။      Myanmar Now ဦးဆွေဝင်း၏ ကိုယ်ရေးအကူအညီတောင်းခံစာအပေါ် ဤဝန်ကြီးဌာနက ၅-၄-၂၀၁၇ ရက်နေ့တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြန်ကြားစာအား ပေးပို့ခဲ့ပါသည်။ အဆိုပါပြန်ကြားချက်ကို မည်သည့်ရုံးဌာန၊ အဖွဲ့အစည်းများသို့ အကြောင်းကြားခြင်း၊ မိတ္တူပေးခြင်း မရှိခဲ့ပါ။ ဦးဆွေဝင်း သိရှိစေရန်သာ ပေးပို့ခြင်းဖြစ်ပါသည်။

၂။      ယင်းစာနှင့်စပ်လျဉ်း၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ရှုထောင့်အမျိုးမျိုးဖြင့် ဝေဖန်ရေးသားပြောဆိုနေကြသည်ကို တွေ့ရှိရပါသည်။ အဆိုပါတွေ့ရှိရသည့် အကြောင်းအချက်များအပေါ် ဤဝန်ကြီးဌာနအနေဖြင့် အောက်ဖော်ပြပါအတိုင်း ဖြည့်စွက်ရှင်းလင်းအပ်ပါသည်-

          (က)    ဤဝန်ကြီးဌာနက ပြန်ကြားသော စာသည် ၅-၄-၂၀၁၇ ရက်နေ့ဖြစ်သော်လည်း  လူမှု ကွန်ရက်အင်တာနက်စာမျက်နှာတွင် ၂-၄-၂၀၁၇ ရက်နေ့ဟု လွဲမှားစွာ ဖော်ပြနေသည်ကို တွေ့ရှိရပါသည်၊ စာအမှတ်ကို လက်ရေးဖြင့် ရေးသွင်းခြင်းမှာ ရုံးလုပ်ထုံးလုပ်နည်းအရ ထွက်စာမှတ်ပုံတင်ရာ၌ အမှတ်စဉ် ရေးသွင်းရသည့် လုပ်ငန်းစဉ်ဖြစ်ခြင်းကြောင့် လက်ရေးဖြင့် ရေးသွင်းခြင်းဖြစ်ပါသည်၊

      (ခ)   အထက်ပါပြန်ကြားစာကို မည်သည့်တရားစီရင်ရေးဌာန၊ တရားစွဲဌာန၊ ဥပဒေဌာနများသို့ ပေးပို့ခဲ့ခြင်းမဟုတ်ဘဲ ဦးဆွေဝင်း တစ်ဦးတည်းကိုသာ ပေးပို့ခဲ့ခြင်းဖြစ်သောကြောင့် တရားစီရင်ရေးနှင့်ပတ်သက်၍ ဝင်ရောက်စွက်ဖက်ခြင်း၊ လွှမ်းမိုးခြင်းများ လုံးဝမရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်၊

          (ဂ)  ပြန်ကြားစာတွင် ဤဝန်ကြီးဌာနက ဦးဝီရသူ ပါရာဇိက ကျခြင်း/ မကျခြင်းနှင့်စပ်လျဉ်း၍ ရေးသားဖော်ပြခြင်း အလျဉ်းမရှိခဲ့ပါ၊

          (ဃ)    ပြန်ကြားစာတွင် ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၂၉၅- က နှင့်ပတ်သက်၍ ရေးသား ဖော်ပြရာ၌ ဘာသာ သာသနာတစ်ရပ်ရပ်အား နာကြည်းစေရန် ရှိ/မရှိ၊ စော်ကားခြင်း ရှိ/ မရှိတို့အပေါ်ကိုသာ သုံးသပ်၍ ပြန်ကြားခဲ့ခြင်းဖြစ်ပါသည်၊

၃။   လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ဖော်ပြရေးသားနေသော အကြောင်းအချက်များသည် ဤဝန်ကြီးဌာနက ဦးဆွေဝင်း ထံ ပေးပို့သော ပြန်ကြားစာတွင် မပါရှိသည့် အကြောင်းအရာများအား မိမိလိုရာဆွဲ၍ ရေးသားဖော်ပြနေသည်ကို တွေ့ရှိရပါသည်။ ဤဝန်ကြီးဌာနအနေဖြင့် တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်စေရန် ဝင်ရောက်စွက်ဖက်ခြင်း၊ လွှမ်းမိုးခြင်း အလျဉ်းမရှိဘဲ ဦးဆွေဝင်း၏ ပန်ကြားချက်အပေါ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြန်ကြားချက်သာ ဖြစ်ပါကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းအပ်ပါသည်။