Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 30, Sunday - April 2017
သာကေတမြို့နယ်၊ ၁/ အနော်မာရပ်ကွက်ရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများ ချိပ်ပိတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့မှုနှင့်စပ်လျဉ်း၍ တုံ့ပြန်ရှင်းလင်းဖော်ပြခြင်း

          ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၁/ အနော်မာရပ်ကွက်၊ အနော်မာ (၁)လမ်း၊ အမှတ်(၅၀၆)ရှိ အမှတ်(၁) အစ္စလာမ်ဘာသာရေးစာသင်ကျောင်းနှင့် အနော်မာ(၁၁)လမ်း၊ အမှတ်(၅၁၂)ရှိ အမှတ်(၉) အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတို့အား ၂၈-၄-၂၀၁၇ ရက်နေ့၊ ၁၅ ၂၀ အချိန်တွင် အမျိုးသားရေးညွန့်ပေါင်းအဖွဲ့က အရေးယူပေးရန် တောင်းဆိုခဲ့သဖြင့် အဓိကရုဏ်းအသွင် ဖြစ်ပွားခဲ့ပါသည်။

          အဆိုပါအစ္စလာမ်ဘာသာရေးစာသင်ကျောင်း ၂ ကျောင်းကို ၂၈-၄-၂၀၁၇ ရက်နေ့၊ ၁၈ ၄၅ အချိန်တွင် ချိပ်ပိတ်ခဲ့ကြောင်းနှင့်  တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၉-၄-၂၀၁၇ ရက်နေ့၊ ၁၁ ၀၀ အချိန်တွင် စနစ်တကျဝင်ရောက်စစ်ဆေးမှတ်တမ်းတင်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

          အဆိုပါဖြစ်စဉ်နှင့်နောက်ဆက်တွဲသတင်းများအရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဤဝန်ကြီးဌာနက တစ်စုံတစ်ရာ ဝေဖန်ပြောကြားမှု မပြုလုပ်ခဲ့ပါ။ သို့သော်လည်း ထိုသို့ရေးသားဖော်ပြပြောဆိုခြင်းမရှိသည့် အကြောင်းအရာများကို လူမှုကွန်ရက်အင်တာနက်စာမျက်နှာ Facebook Account များဖြစ်သော May Kaythayee ၊ Mgthar Lay ၊ Chaw Su Win နှင့် အခြား Account များတွင် ပုံစံအမျိုးမျိုးဖြင့် အထင်အမြင်လွဲမှားအောင် ရေးသားဖော်ပြလျက်ရှိကြောင်း စိစစ် တွေ့ရှိရပါသည်။

          ဗလီအား ချိပ်ပိတ်ခြင်းသည် ဘာသာပေါင်းစုံချစ်ကြည်ရေးကို ထိခိုက်ပျက်ပြားစေကြောင်း ပြောဆိုသည်ဟု ဖော်ပြသောပုံမှာလည်း ၂၇-၆-၂၀၁၆ ရက်နေ့တွင် ပြုလုပ်သော ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး မှတ်တမ်းပုံကို ပြန်လည်ထည့်သွင်းဖော်ပြခြင်းဖြစ်ပါသည်။

          ထိုသို့ရေးသားဖော်ပြမှုများကြောင့် ဘာသာရေး၊ လူမျိုးရေး အထင်အမြင်လွဲမှားမှုနှင့် ပဋိပက္ခများ ဖြစ်ပွားလာနိုင်ခြင်း၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ လုံခြုံရေးတို့ကို ထိခိုက်လာနိုင် ခြင်းတို့ကြောင့် အဆိုပါရေးသားဖော်ပြမှုများကို စောင့်ကြည့်လေ့လာလျက်ရှိကြောင်းနှင့် လိုအပ်ပါက ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် အသိပေးရှင်းလင်း ဖော်ပြအပ်ပါသည်။