Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 05, Monday - June 2017
အာရဗီကျောင်းများနှင့် ဗလီများတွင် ဝတ်ပြုရန် ခွင့်ပြုသည့်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြခြင်း

   

        အစ္စလာမ်ဘာသာဝင်များ၏ "ရမ်မဒွာန်ဥပုသ်လ"အတွင်း ဝါဖြေရန်နှင့် ဝတ်ပြုဆုတောင်းရန် အခက်အခဲမဖြစ်စေရေးအတွက် ပိတ်ပင်ခံထားရသည့် အာရဗီကျောင်းများနှင့် ဗလီများတွင် ဝတ်ပြု ခွင့်အား သာသနာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ် တာဝန်ရှိ သူများမှ ပြောကြားသည်ဟု မျိုးစောင့်ဥပဒေ ကမ္ဘာတည်စေ Facebook အကောင့်၌ ၄-၆-၂၀၁၇ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပါသည်။

          အဆိုပါလူမှုကွန်ရက်အင်တာနက်စာမျက်နှာ၌ အစ္စလာမ်ဘာသာဝင်များအနေဖြင့် လမ်းမသို့ ထွက်၍ ဝတ်ပြုနေကြောင်း လှုံ့ဆော်ရေးသားဖော်ပြခဲ့ပါသည်။ ၎င်းကိစ္စနှင့်စပ်လျဉ်း၍ ခွင့်ပြုချက်မရဘဲ ဆောင်ရွက်သူများအား တာဝန်ရှိသူများက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

          ဤဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ ဘာသာရေး၊ သာသနာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း များကို ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်သို့ ဖြေလျော့ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ပါသည်။ ယခုကဲ့သို့ မမှန်မကန်ရေးသားထုတ်လွှင့်မှုများကို စိစစ်လျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။