Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 06, Tuesday - June 2017
မြောက်ဦးမြို့နယ်၊ မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိစ္စ ရှင်းလင်းဖော်ပြခြင်း

          ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်၊ ဆင်ချဆိပ်ရွာသစ်ရှိ မြတန်ဆောင်း ဘုန်းတော်ကြီးပညာရေးကျောင်း ပညာသင်ကြားမှုများနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များမှ စစ်ဆေးခဲ့ပြီး အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်-

(က)    မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း ခွင့်ပြုမိန့်များ ပြန်လည်ရုပ်သိမ်းသင့် ပါကြောင်း၊

(ခ)     အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူများ ဆက်လက် ပညာ သင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်များပူးပေါင်း၍ လိုအပ်သလိုကူညီဆောင်ရွက်သင့်ကြောင်း၊

(ဂ)     မြို့နယ်သံဃနာယကအဖွဲ့၏ ကြီးကြပ်မှုဖြင့် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သင့်ကြောင်း၊

          ရခိုင်ပြည်နယ်၊ ပြည်နယ်အစိုးရအဖွဲ့မှလည်း မြောက်ဦးမြို့နယ်ရှိ မြတန်ဆောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် မသက်ဆိုင်သည့် နိုင်ငံရေး လှုံ့ဆော်မှုလုပ်ငန်းများ လုပ်ဆောင်နေမှုအား စိစစ်တွေ့ရှိကြောင်းနှင့် လိုအပ်ပါက ကျောင်းပိတ်သိမ်းနိုင်ရေး ဆောင်ရွက်ပေးပါရန် တင်ပြလာခဲ့ပါသည်။

          အထက်ပါ အခြေအနေများနှင့်ပတ်သက်၍ ဤဝန်ကြီးဌာနမှ စိစစ်ခဲ့ရာ မြောက်ဦးမြို့နယ်၊ မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် မြောက်ဦးမြို့နယ် သံဃနာယကအဖွဲ့၊ မြောက်ဦးမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်/ ခရိုင် သာသနာရေးမှူးတို့၏ စိစစ်တင်ပြချက်များအရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဘုန်းတော်ကြီး ကျောင်း ပညာသင်ကြားမှုစည်းမျဉ်းနှင့် ကိုက်ညီမှုမရှိသဖြင့် သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက ၁၅-၅-၂၀၁၇ ရက်နေ့မှစ၍ အဆိုပါမြတန်ဆောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအဖြစ်မှ ပိတ်သိမ်းခဲ့ပါသည်။

          ထိုကဲ့သို့ ပိတ်သိမ်းဆောင်ရွက်ခဲ့ရသဖြင့် ကလေးများ ပညာဆက်လက်သင်ယူခွင့် ရရှိရေး အတွက် မြတန်ဆောင်းကျောင်းအနီးရှိ အစိုးရအခြေခံပညာမူလတန်းကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်းဖြစ်သော ပညာရာမိကကျောင်းနှင့် ရတနာတေဇာရာမကျောင်းများသို့ အဆင်ပြေစွာ အခမဲ့ ပြောင်းရွှေ့ပညာသင်ကြားပေးနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့၊ မြို့နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။